SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားက ပင်လယ်ဓားပြ တိုက်ဖျက်ရေး စစ်သည် ၃၀၀ ကို အေဒင် ပင်လယ်ကွေ့သို့ စေလွှတ်

Wednesday, 14 August 2019 09:29 font size decrease font size decrease font size increase font size increase font size

ဆိုး၊ လုံခြုံရေး

တောင်ကိုရီးယားအစိုးရသည်  ပင်လယ် ဓားပြတိုက်ဖျက်ရေးတပ်ဖွဲ့မှ     စစ်သည် အယောက် ၃၀၀ ကို ဆိုမာလီယာ ကမ်းလွန်ရှိ  အေဒင်ပင်လယ်ကွေ့သို့ စေလွှတ်လိုက်ကြောင့်း သည့စေ သတင်းဌာနက သြဂုတ်  ၁၃ ရက်တွင် ဖော်ပြသည်။

တောင်ကိုရီးယားသည် ၂၀၀၉ ခုနှစ်မှစ၍ အဆိုပါဒေသသို့ ပင်လယ်ဓားပြတိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ခြင်း ဖြစ်ပြီး ယခု စေလွှတ်မှုက အကြိမ် (၃၀)မြောက်ဖြစ်သည်။ ယခုစေလွှတ်မှုတွင်ပါဝင်သည့် စစ်သည် အယောက် ၃၀၀ သည် ပင်လယ်ဓားပြတိုက် ဖျက်မှုစစ်ဆင်ရေးကို  စက်တင်ဘာလမှစ၍ ခြောက်လကြာ ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုတပ်ဖွဲ့ဝင်များသည် အေဒင်ပင်လယ်ကွေ့ သာမက ဟော်မုရေလက်ကြားတွင်ပါ စစ်ဆင် ရေးလုပ်ငန်းများ  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းဌာန အချို့ကဖော်ပြသည်။ ဟော်မုရေလက်ကြားသည် ကမာ့ လောင်စာ ဆီထောက်ပံ့ရေး အတွက် အဓိကအရေးပါသော ပင်လယ်ရေလမ်းကြောင်း တစ်ခုဖြစ်ပြီး ယခု နှစ်တွင်  တင်းမာမှုများ မြင့်တက် နေသည့် နေရာလည်းဖြစ်သည်။

အမေရိကန်အစိုးရက  အီရန်၏ရန်စမှုမှ ကာကွယ်နိုင်ရန်အတွက်   ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းကာ ဟော်မုရေလက်ကြားတွင် လုံခြုံရေးလုပ်ငန်းများ  ဆောင်ရွက်ရန်စီစဉ်နေပြီး သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဗြိတိန်နိုင်ငံတို့အပါအ၀င်  အခြားနိုင်ငံများကို ဖိတ်ခေါ်ထားသည်။

ယခုနှစ်မေလတွင် ဟော်မုရေလက်ကြား၌ ရေနံတင်သင်္ဘောတစ်စင်းတိုက်ခိုက်ခံရမှုမှစ၍  အမေရိကန် အပါအ၀င်  အနောက်နိုင်ငံ အချို့နှင့် အီရန်နိုင်ငံတို့ကြား  တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: Sputnik

Read 15 times Last modified on Wednesday, 14 August 2019 09:31