SJ WorldNews - шаблон joomla Авто

ထန်းတပင်မြို့နယ်၊ ဂွအိုင်ကျေးရွာ၊ တလိုင်းအိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

Friday, 12 January 2018 08:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဂွအိုင်ကျေးရွာ၊ တလိုင်းအိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဇန်နဝါရီ ၁ဝ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်

ဆေးကုသရေး အဖွဲ့က ဂွအိုင်ကျေးရွာရှိ မရမ်းတော ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ အဆုတ်ရောင် ရောဂါနှင့်   အထွေထွေ ရောဂါ ဝေဒနာရှင် ဒေသခံတိုင်းရင်းသားပြည်သူ ၂၅၉ ဦးတို့အား လိုအပ်သော ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ၁၆ဦးအား တောင်ငူမြို့ရှိ တပ်မ တော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် ထန်းတပင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များအား မြို့နယ် စစ်မှုထမ်းဟောင်း ရုံးခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

Read 75 times Last modified on Friday, 12 January 2018 08:25