SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် အလွတ်တန်း ပြေးခုန်ပစ် ပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအသင်း ပြိုင်ပွဲသုံးခု စလုံး၌ ဗိုလ်စွဲ

Friday, 12 January 2018 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    ဇန်နဝါရီ    ၁၁

 ၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလွတ်တန်းပြေးခုန်ပစ် ပြိုင်ပွဲနောက်ဆုံးနေ့နှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအသင်းက  တံခွန်စိုက် ဒိုင်းဆု သုံးခု စလုံးကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ  ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသည့် ကစားသမားများကို တာဝန်ရှိသူ များက ဆုများ ပေးအပ်ကြပြီး အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား ပြိုင်ပွဲနှင့် စုပေါင်းပြိုင်ပွဲတွင် ဗိုလ်စွဲ ခဲ့သည့် မန္တလေးတိုင်း ဒေသကြီး အသင်းအား  အားကစားနှင့် ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်   ဦးမျိုးလှိုင်က လည်းကောင်း၊ အမျိုးသား လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်နှင့်  မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံထွန်းတို့ကလည်းကောင်း တံခွန်စိုက်ဒိုင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 ပြိုင်ပွဲအပြီးတွင် အမျိုးသမီးပြိုင်ပွဲ၌ မန္တလေးတိုင်း ဒေသကြီး အသင်းက ၉၇ မှတ်ဖြင့် ပထမ၊ တနင်္သာရီတိုင်း ဒေသကြီး အသင်း က ၇၃ မှတ်ဖြင့် ဒုတိယ၊ မကွေးတိုင်း ဒေသကြီးအသင်းက ၅ဝ မှတ်ဖြင့် တတိယ၊ အမျိုးသား ပြိုင်ပွဲ၌ မန္တလေးတိုင်း ဒေသကြီး အသင်းက ၉၅ မှတ်ဖြင့် ပထမ၊ မကွေး တိုင်းဒေသကြီးအသင်းက ၉ဝ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ၆၄ မှတ်ဖြင့် တတိယ၊ စုပေါင်းပြိုင်ပွဲ၌ မန္တလေးတိုင်း ဒေသကြီး အသင်းက ၁၉၃ မှတ်ဖြင့် ပထမ၊ မကွေးတိုင်းဒေသကြီး အသင်းက ၁၄ဝ မှတ်ဖြင့် ဒုတိယ၊ တနင်္သာရီ တိုင်းဒေသကြီး အသင်းက ၁ဝ၄ မှတ်ဖြင့် တတိယတို့ ရရှိခဲ့ကြကြောင်း သိရသည်။

Read 66 times Last modified on Friday, 12 January 2018 08:49