SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ကချင်ပြည်နယ် မချမ်းဘောမြို့ နယ်ရှိ ကောင်းမှုလုံစေတီတော်အား ဖူးမြော်ကြည်ညို

Saturday, 13 January 2018 07:11 font size decrease font size decrease font size increase font size increase font size

ပူတာအို ဇန်နဝါရီ ၁၂

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးဝင်းခိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော် အထူးလေယာဉ်ဖြင့် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်နယ်ဝန်ကြီးများနှင့်ဂျိန်ဖော့၊ ရဝမ်၊ လီဆူ၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် မချမ်းဘောမြို့ နယ်သို့ရောက်ရှိပြီး လိခမြစ်ကမ်းနဖူးရှိ ဂူဘားဧည့်ရိပ်သာအား ကြည့်ရှုကာ ကောင်းမှုလုံ ကျေးရွာအနီးရှိ ကောင်းမှုလုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ခရိုင်သာသနာ ရေးမှူး ဦးဝင်းရွှေက စေတီတော်၏ သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးသည် စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ဂေါပကအဖွဲ့ထံ အလှူငွေများပေးအပ်လှူဒါန်းသည်။

ကောင်းမှုလုံ(ရွှေဆတ်မင်း) စေတီတော်သည် မြန်မာနိုင်ငံမြောက်ဖျား ခမ်းတီးလုန်ဒေသ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် တည်ရှိပြီး ပူတာအိုမြို့နှင့် ၉ မိုင်ခန့်ကွာဝေး၍ မလိခမြစ် အရှေ့ဘက် ကမ်းနံဘေးတွင် တည်ထားသော စေတီဖြစ်သည်။ ကောင်းမှုလုံ(ရွှေဆတ်မင်း) စေတီတော်ကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ်တွင် သီရိဓမ္မာသောကမင်း စေလွှတ်သည့် သာသနာပြု ရဟန်းသုံးပါးက မြတ်စွာဘုရား၏ ဓာတ်တော်သုံးဆူကို ဌာပနာသွင်း၍ ဉာဏ်တော်အမြင့် ၇ တောင်ဖြင့် စတင်တည်ထားခဲ့ပြီးနှစ်ပေါင်း ၂၃ဝဝ ကျော်သက်တမ်း ရှိပြီဖြစ်ကြောင်း သိရှိရသည်။

Read 63 times Last modified on Saturday, 13 January 2018 07:29