SJ WorldNews - шаблон joomla Авто

MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် လေးပွဲနိုင်၊ နှစ်ပွဲသရေကျ

Thursday, 22 March 2018 08:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်   ၂၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က  ကြီးမှူးကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲ အုပ်စု ပွဲစဉ်များကို  ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မြို့ရှိ   အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပရာ MFF Open Cup အသင်း၊ GV Athletic အသင်း၊  Zombie အသင်းနှင့်  Myoma Hla Thidar အသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။

ယနေ့တွင် အုပ်စု(ည၊ က၊ ခ) ပွဲစဉ်များကျင်းပခဲ့ပြီး Myo Chit Youth အသင်းက Montaung  အသင်းကို ၂၁ ဂိုး-ဂိုးမရှိ၊ GV Athletic အသင်းက Monster Hero United အသင်းကို ၃၅ ဂိုး-၁ ဂိုး၊  Myoma 

Hla Thidar  အသင်းက MGG အသင်းကို ၄ ဂိုး-  ၃ ဂိုး၊ Zombie  အသင်းက YGR Star အသင်း ကို ၂၃  ဂိုး-ဂိုးမရှိဖြင့်အနိုင်ရပြီး Shwe   Myawaddy  အသင်းနှင့် Myoma အသင်းတို့  နှစ်ဂိုးစီသရေ၊  Best  Friends   အသင်းနှင့် United အသင်းတို့ လေး ဂိုးစီ သရေကျခဲ့သည်။

ယနေ့ပွဲစဉ်များအတွက် တစ်ပွဲချင်းစီ အလိုက် ချီးမြှင့်သော အကောင်းဆုံး ကစားသမားဆု များကို Myo Chit Youth အသင်းမှ အောင်မျိုးသက်ထွန်း၊ Shwe Myawaddy အသင်းက သူရအောင်၊ GV Athletic အသင်းမှ ဟိန်းသူ အောင်၊ Myoma Hla Thidar အသင်းမှ ဝေဖြိုး၊ United အသင်းမှ ချစ်သဲမောင်နှင့် Zombie အသင်းမှ နေလင်း(၁)တို့ အသီးသီး ရရှိကြောင်း သိရသည်။

..........

အမျိုးသားပတ်လည် ဟော်ကီပြိုင်ပွဲတွင် ရန်ကုန်နှင့် သိမ်ဖြူလူငယ် အသင်းတို့ လေးပွဲဆက် အနိုင်ရ

ရန်ကုန် မတ် ၂၁

၂ဝ၁၈ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖလား အမျိုးသားပတ်လည် ဟော်ကီပြိုင်ပွဲ အုပ်စုဆဋ္ဌမနေ့ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူဟော်ကီကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး အသင်းနှင့် သိမ်ဖြူ လူငယ်အသင်းတို့ လေးပွဲဆက်အနိုင်ရခဲ့သည်။

ဆဋ္ဌမနေ့ပွဲစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက All Star အသင်းကို ၁ဝ ဂိုး-၁ ဂိုး၊ သိမ်ဖြူ လူငယ် အသင်းက ရန်ကုန်တိုင်းစစ် ဌာနချုပ် အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး

အသင်းနှင့် သိမ်ဖြူလူငယ် အသင်းတို့သည် ယခုပြိုင်ပွဲတွင် လက်စွမ်းပြနေပြီး  လေးပွဲဆက်နိုင်ပွဲ ရယူနိုင် ခဲ့ခြင်းဖြစ်သည်။

အုပ်စုသတ္တမနေ့ကို မတ် ၂၂ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် တပ်မတော် (ရေ)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နံနက် ၁၁နာရီတွင် တပ်မတော်(လေ)နှင့်  သိမ်ဖြူလူငယ် အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။                    

 

Read 120 times