SJ WorldNews - шаблон joomla Авто

သဲကုန်းမြို့၌ မြန်မာ့တပ်မတော် ထောက်ခံပွဲ ကျင်းပ

Thursday, 22 March 2018 08:40 font size decrease font size decrease font size increase font size increase font size

သဲကုန်း      မတ်      ၂၁

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့၌  ယမန်နေ့က မြန်မာ့တပ်မတော် ထောက်ခံပွဲကိုကျင်းပရာ သဲကုန်းမြို့နေ ဦးမြစိုးက ဦးဆောင်ပြီး လူအင်အား ၇ဝဝ ခန့်သည်  ပြည်ထောင်စု မပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသော ကြွေးကြော်သံများကြွေးကြော်၍   ကြွေးကြော်သံများရေးထားသော ဗီနိုင်းပိုစတာသုံးခုကိုကိုင်ဆောင်ကာ  သဲကုန်းမြို့တွင်းသို့  လှည့်လည်

ကြသည်။

အဆိုပါ ထောက်ခံပွဲကို ''မြန်မာ့တပ်မတော်၏နိုင်ငံတော်ကာကွယ်ရေး  လုပ်ငန်းစဉ်များနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတည်မြဲရေး'' အတွက် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး စီတန်း လှည့်လည်ရာတွင် ရပ်ကွက် (၃) သစ်ချိုလမ်းမှ ဘုရားကြီးလမ်း၊ မြကေသီလမ်း၊ လမ်းမတော်လမ်း၊ ဈေးချိုလမ်း၊ မြဝတီလမ်းနှင့် ရွှေဘုန်းရှိန် လမ်း အတိုင်း စီတန်းလှည့်လည် ကြွေးကြော်ကြသည်။

ထို့နောက်  ဟောပြောပွဲကို ဆက်လက်ကျင်းပရာ သဲကုန်းမြို့ မိုးကုတ်ရိပ်သာ ကျောင်းတိုက်ဆရာတော် ဥူးကစ္စ နာဒိစ္စက သြဝါဒ မိန့်ကြားခြင်း၊ဦးမြစိုးက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်၊  ကြို့ပင် ကောက်မြို့  ရွှေကျောင်းတိုက် ဆရာတော် ဒေါက်တာ အရှင်ဘဒ္ဒန္တ ဣန္ဒာစာရက သြဝါဒ မိန့်ကြားခြင်း၊ စာရေး ဆရာ ဦးနေလင်း၊ အမတ်ဒိန်နှင့် စာရေးဆရာ ဦးလှဆွေ (ဘူးလတ်-ဂျာနယ်)တို့က  တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်  ၁၉၈၂ ခုနှစ်  နိုင်ငံသားဥပဒေတည်မြဲရေး အကြောင်းများကို  အသီးသီး ပြောကြားခဲ့ကြကြောင်း  သိရသည်။

မောင်စိမ်းလန်း (ပြည်)

.............

Read 134 times Last modified on Thursday, 22 March 2018 09:02