SJ WorldNews - шаблон joomla Авто

သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ (၄၇)ပါးစုံညီ သတ္တ ရသမ အစည်းအဝေး ဒုတိယနေ့ ကျင်းပ

Sunday, 22 July 2018 08:11 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၂၁

သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြည်ညိုကြ သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက် အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂနဝ္ထါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက ဆောင်ရွက်တော်မူ သည်။

အစည်းအဝေး၌ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာ၊ ပညာရေး ရာဆောင်ရွက် ချက်များအပေါ် အဖွဲ့ဝင်ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြသည်။ ထို့နောက် ဝိနိစ္ဆယရေးရာ၊ သာသနာ့ရေးရာ၊ ပညာရေးရာများနှင့် စပ်လျဉ်း၍ ဆွေးနွေး ဆုံးဖြတ်တော် မူကြသည်။

ဆက်လက်၍ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(ပထမအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန်ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အဖွဲ့ဝင် ဆရာ တော်ကြီးများက ပြန်လည်ရှင်းလင်း လျှောက်ထားတော်မူကြပြီး ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက် အကျိုးတော်ဆောင် ဆရာတော် က အတည်ပြုချက်ရယူ၍ အစည်း အဝေးသို့ကြွရောက်တော် မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာ မူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူပြီး သာဓုသုံး ကြိမ်ခေါ်ဆိုကာ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ကျိုက္ကစံဝေဠုဝန်(ရွှေကျင်) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမာနိတ (သဒ္ဓမ္မဇောတိကဓဇ)နှင့် တပည့်ဒါယကာ၊ ဒါယိကာမများက (၂၄)ကြိမ်မြောက် ဆက်ကပ် လှူဒါန်းကြ ကြောင်း သတင်းရရှိသည်။

Read 99 times Last modified on Sunday, 22 July 2018 08:18