SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mrs.Suphatra Srimaitreephithak အား လက်ခံတွေ့ဆုံ

Friday, 24 May 2019 08:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၂၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ  ထိုင်းနိုင်ငံသံ အမတ် ကြီး H.E.Mrs.Suphatra Srimaitreephithak အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နှင့်အတူ စစ်သံမှူး Colonel  Apichart  Choopavang ၊ ရေတပ်စစ်သံမှူး၊ လေတပ် စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အကောင်းဆုံး အခြေအနေတွင် ရောက်ရှိနေမှု၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်နှိမ်နင်းရေး တို့အတွက် TBC၊ RBC နှင့် HLC  ကဲ့သို့သော နှစ်နိုင်ငံအဆင့် အလိုက် အစည်း အဝေးများ နှစ်စဉ်ကျင်းပပြုလုပ်ပြီး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား  ပူးပေါင်း ဆောင်ရွက်မှုများ  တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  ထိုင်းနိုင်ငံမှ  မြန်မာနိုင်ငံတွင်  ရင်းနှီး မြှုပ်နှံမှုများ  ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။       

(၁ဝဝ)

Read 237 times Last modified on Friday, 24 May 2019 08:08