SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် UNHCR မှ ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များ ဆွေးနွေး

Friday, 24 May 2019 16:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီး  Mr. Filippo Grandi ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့နံနက် ၁ဝ နာရီတွင်  နေပြည်တော်ရှိ   နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ   မဟာမင်းကြီးရုံး(UNHCR)တို့အကြား ၂ဝ၁၈ ခုနှစ် ဇွန် ၆ ရက်က   လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ သက်တမ်းတိုးမြှင့်ရေး၊ နားလည်မှု စာချွန်လွှာအရ  အသိုက်အဝန်း အခြေပြုစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊    ထိုင်း-မြန်မာနယ်စပ်ရှိ   ယာယီစခန်းများတွင် နေထိုင်လျက် ရှိသည့် မိမိဆန္ဒအလျောက်  နေရပ်ပြန်လိုသူ  မြန်မာနိုင်ငံသားများ ကိစ္စ၊ မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် UNHCR မှ ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်  နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ  တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)

Read 282 times Last modified on Friday, 24 May 2019 16:58