SJ WorldNews - шаблон joomla Авто

နှစ်နိုင်ငံအကြား လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်လာစေရေး ဆောင်ရွက်နေမှု များနှင့်ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေး

Friday, 24 May 2019 17:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra SrimaiTreephithak အား  ယနေ့နံနက်  ၁၁ နာရီတွင်  နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး ဆိုင်ရာကိစ္စ၊ အလုပ်သမားရေးရာ ကိစ္စ၊ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံ အကြား လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာစေရေး ဆောင်ရွက်နေမှုများနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးလျက်ရှိမှု အခြေအနေများကို ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  အမြဲတမ်း အတွင်းဝန်  ဦးမြင့်သူနှင့် အဆင့်မြင့်အရာရှိကြီးများ၊  မြန်မာနိုင်ငံဆိုင်ရာ  ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။          

 (သတင်းစဉ်)

Read 278 times Last modified on Friday, 24 May 2019 17:02