SJ WorldNews - шаблон joomla Авто

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အဓမ္မလူသစ်စုဆောင်းခြင်းများ ပြုလုပ်

Wednesday, 15 November 2017 11:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ နိုဝင်ဘာ - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ဟိုချောင်းကျေးရွာနေ ဒေါ်မိုးဦး အား TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် နမ့်ဆန်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ပန်စမိန်းကျေးရွာသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နမ့်ဆန်မြို့၏ အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ဟိုချောင်းကျေးရွာနေ ဒေါ်မိုးဦးအား TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ အင်အား ၃ ဦး က ဆိုင်ကယ် ၃ စီးဖြင့် ပန်စမိန်းကျေးရွာသို့ ခေါ်ဆောင်၍ ၎င်းတွင် သား ၃ ဦးရှိသည့် အတွက် TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ၁ ဦး ပေးရမည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။

ဒေါ်မိုးဦးမှာ အကြီးဆုံးသားဖြစ်သူ မောင်ကံချာသည် လားရှိုးဆေးရုံတွင် သူနာပြုဝန်ထမ်း လုပ်ဆောင်နေသည်မှာ ၇ လခန့် ရှိပြီဖြစ်ကြောင်း၊ ဒုတိယသားဖြစ်သူ မောင်ချမ်းသာအောင်မှာ နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်ရှိ အမေ့အိမ်ဘော်ဒါဆောင်တွင် နည်းပြဆရာ လုပ်လျက်ရှိကြောင်း၊ တတိယသားဖြစ်သူ မောင်စိန်ရွှေထွန်းမှာ နမ့်ဆန်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲတွင် ဒဿမတန်း တက်ရောက်လျက် ရှိကြောင်းနှင့် ခင်ပွန်းဖြစ်သူ ဦးလှအောင်မှာလည်း ကွယ်လွန်သွားသည်မှာ ၉ နှစ်ခန့်ရှိပြီဖြစ်သဖြင့် ယောက္ခမဖြစ်သူ ဦးရွှေဥ နှင့်အတူ နေထိုင်လျက် ရှိကြောင်း သိရှိရသည်။

Read 16 times Last modified on Wednesday, 15 November 2017 11:41