SJ WorldNews - шаблон joomla Авто

တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့က သာပေါင်းမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 17 November 2017 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊  သာပေါင်းမြို့နယ်၊  လှေကြီးတက်ကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ  အဖွဲ့နှစ်ဖွဲ့ခွဲကာ ယနေ့တွင်အဖွဲ့ (၁)သည် လူမှုဖူလုံရေးအဖွဲ့ အဆင့်မြင့် စက္ကူစက်ရုံရှိ ၂၅ ခုတင်ဆံ့ဆေးရုံ၌ အခြေပြု၍ လည်းကောင်း၊ အဖွဲ့(၂)သည် ဇီးဖြူကွင်းကျေးရွာ၌ အခြေပြု၍ လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၄၄ ဦး၊ ခွဲစိတ်ရောဂါ ၁၂၇ ဦး၊ ကလေးရောဂါ ၆၇ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၈ ဦး၊ အရိုးရောဂါ ၁၂၂ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၄၈ ဦး၊ မျက်စိရောဂါ၂၈ဝ ဦး၊ သွားရောဂါ ၆၉ ဦး၊ အထွေထွေရောဂါ ဝေဒနာရှင် ၂၁ ဦးနှင့် မျက်စိခွဲစိတ် လူနာ ၂ဝ ဦး၊ သွားခွဲစိတ် လူနာ ၄ဝ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၁၃ ဦးနှင့် နှလုံးစမ်းသပ်လူနာ ၃၃ ဦးတို့အား ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာ ၁၅ ဦးကို ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 92 times Last modified on Friday, 17 November 2017 09:22