SJ WorldNews - шаблон joomla Авто

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ(နေပြည်တော်)သို့ အလှူငွေများ ပေးအပ် လှူဒါန်း

Friday, 17 November 2017 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ ၁၆

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်)သို့ တိုင်း၊ တပ်မ၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များမှ  မိသားစုများက လှူဒါန်းသော အလှူငွေများအား ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၊   မြတ်မင်္ဂလာလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ ကျင်းပရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော် တက်ရောက်၍    အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်း၊ တပ်မ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်များမှ မိသားစုများက လှူဒါန်းသော အလှူငွေကျပ်  ၂၇၉၈ဝဝဝဝ  အား တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပေးအပ်လှူဒါန်းရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ဗဟိုအလုပ် အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ကော်မတီဝင် ဗိုလ်မှူးကြီး ထွန်းကြည်(ငြိမ်း)က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ   ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဘိုး၊ အဘွား အိပ်ဆောင်များသို့ သွားရောက်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားကာ နေ့လယ်စာ စားသုံးနေမှုအား လှည့်လည်ကြည့် ရှုကြသည်။ အဆိုပါကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ(နေပြည်တော်)တွင် အဘိုး ၁၂၄ ဦး၊ အဘွား ၃၉ ဦး ရောက်ရှိနေထိုင်လျက် ရှိပြီး အဘိုး ၁၈ဝ ဦး၊ အဘွား ၁၂ဝ ဦး၊ ဘိုးဘွားစုံတွဲ ၄၈ ဦးနှင့် စွန့်လွှတ်သူမိသားစု ၇၂ စုနေထိုင်နိုင်ရန် အဘိုးဆောင် ကိုးဆောင်၊ အဘွားဆောင် ခြောက်ဆောင်၊ စုံတွဲဆောင် နှစ်ဆောင်နှင့် စွန့်လွှတ်သူ မိသားစုများအတွက် သုံးထပ်တိုက် ခြောက်တိုက် အပါအဝင် သံသရာငြိမ်းအေး စေတီတော်၊ ဓမ္မာရုံ၊ အုပ်ချုပ်မှုရုံးများ၊ အပန်းဖြေရိပ်သာများ တည်ဆောက်ထားပေးပြီး ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆက်လက်ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

ထို့ပြင် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်)၌ တပ်မတော်နှင့် လက်တွဲ၍ တိုင်းပြည်အတွက် အသက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့သည့်  စစ်မှုထမ်း မဟုတ်သော ပြည်သူ့ရဲနှင့် နိုင်ငံသားများကိုပါ လက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 99 times Last modified on Friday, 17 November 2017 09:28