SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၌ မသင်္ကာသူသုံးဦး ဖမ်းဆီးရမိ

Tuesday, 15 August 2017 09:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာသူ သုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ဇင်ပိုင်ညာကျေး ရွာနှင့် ဖူ ကာလီကျေးရွာများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် ယနေ့ နံနက် ၄ နာရီခန့်က ဖူကာလီကျေးရွာမှ မာမတ်ကာ ဆဲရ်နှင့် အဒူရာမာန်တို့အား ဖမ်းဆီး ရမိ ခဲ့ပြီး စစ်ဆေးချက်အရ အဒူရာမာန်သည် ဖူကာလီကျေးရွာမီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံပြေးဖြစ်ကြောင်း သိရ သည်။

အလားတူ  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန့်နေ ည ၁၁ နာရီခန့်က လိပ်ရအလယ်ရွာမှ အီစွပ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ အနက် ရောင်မျက်နှာဖုံးစွပ်တစ်ခု၊   ဘင်္ဂလားဒေ့ရှ် နိုင်ငံ သုံး ဆင်းမ်ကတ်ပါ လက်ကိုင်ဖုန်းနှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။                     

Read 132 times Last modified on Sunday, 20 August 2017 19:04