SJ WorldNews - шаблон joomla Авто

မောင်တောဒေသ အတွင်း အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက အကြမ်း ဖက်လုပ် ရပ်များ ဆက်လက်လုပ် ဆောင်နေ ဆဲဖြစ်

Tuesday, 29 August 2017 08:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၂၈

လုံခြုံရေး တပ်ဖွဲ့ဝင်များသည်  သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြောင်ဒိုးကျေးရွာနှင့် အောင်သပြေကျေးရွာ အကြားတွင် နယ်မြေ စိုးမိုးရေး ဆောင်ရွက်နေ စဉ်

အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက လမ်းဘေးဝဲယာမှ လုပ်သေနတ်နှင့် လက်လုပ် မိုင်းတို့ဖြင့်  ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပြန်လည် ခုခံရှင်း လင်း ခဲ့ရပြီး  ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ကျီးကျွန်းကင်းစခန်းအနီးရှိ ပုစွန်ကန်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းစဉ် အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၅ဝ ခန့်နေထိုင်ခဲ့ပြီး စခန်း၏အိပ်ဆောင်ကြမ်း ခင်းများအား မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း တွေ့ရှိ ရပြီး ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ကျီးကျွန်းကင်းစခန်းအတွင်း နယ်မြေစိုးမိုးရေးဆောင်ရွက်စဉ် အစွန်းရောက်ဘင်္ဂါလီ အကြမ်း ဖက်သမား   အမျိုးသားသုံးဦးနှင့် အမျိုးသမီးသုံးဦးတို့သည် လောင်းလှေနှစ်စင်းဖြင့် တစ် ဖက်ကမ်းသို့ လှော်ခတ်ထွက်ပြေးသွားခဲ့သည်။

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ဇင်ပိုင် ညာ လမ်းဆုံ၌ ပေါက်ကွဲခဲ့ပြီး အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ည ၁ဝ နာရီ မိနစ် ၂ဝ တွင် ဇင်ပိုင်ညာရဲကင်းစခန်းအား စတင်ဝိုင်းထားခဲ့သည်။ ထို့နောက် စခန်း၏ ၁ မိုင်ခန့် အကွာ၌ လက်လုပ်မိုင်းတစ်လုံး ထပ်မံပေါက်ကွဲပြီးနောက် ဇင်ပိုင်ညာရဲစခန်းသို့  အစွန်း ရောက် ဘင်္ဂါ လီ အကြမ်းဖက် သမား ၈ဝ ခန့်က  အနီးကပ်ချဉ်း ကပ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကပြန်လည် ခုခံရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ  ဇင်ပိုင်ညာ ကျေးရွာ အတွင်း သို့ ဆုတ် ခွာသွားပြီး  ယင်းအချိန်တွင် အော်လီတူလာကျေးရွာအနီး၌ လက်လုပ် မိုင်း တစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်။

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ယနေ့နံနက် ၁ဝ နာရီ ၄၈ မိနစ်တွင် ဇင်ပိုင်ညာလမ်းဆုံ၌ လက်လုပ်မိုင်းလေးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ ပြီး နောက် ၁ဝ မိနစ်ခန့်အကြာတွင် အဆိုပါလမ်းဆုံ၌ အကြမ်းဖက်သမားများထောင်ထားသည့် လက် လုပ်မိုင်းခြောက်လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

နံနက် ၁၁ နာရီ ၁၃ မိနစ်တွင် ဇင်ပိုင်ညာလမ်းဆုံ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမား များ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်။အလားတူ    အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ် မိုင်းများသည်  ရွာသစ်ကျေးရွာနှင့် ကျောက်လှေကားကျေးရွာများအတွင်းတစ်လုံးစီ ဆက် တိုက် ပေါက် ကွဲခဲ့သည်။

ဘူးသီးတောင်မြို့နယ်   ကျောင်းတောင်ရဲကင်းစခန်းအား တင်းမေကျေးရွာမှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား အင်အား၅ဝဝ ခန့်က  ဝိုင်းထားသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ   သွားရောက် ရှင်းလင်းရာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ဇီးပင်ချောင်းကင်းစခန်းအား သြဂုတ် ၂၇ ရက် ညပိုင်းက မီးရှို့ဖျက်ဆီးခဲ့ရာ ယနေ့နံ နက် ပိုင်းတွင် မီးငြိမ်းခဲ့သည်။

ယနေ့နံနက် ၁ နာရီကလည်း မောင်တောမြို့နယ် မြို့မကညင်တန်းရပ်ကွက်ရှိ အဒူလာ ၏နေအိမ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်း ဝန်းငြှိမ်း သတ်ခဲ့သဖြင့်  နာရီဝက်အတွင်း မီးငြိမ်းခဲ့သည်။ထို့ပြင် ယနေ့နံနက်ပိုင်းတွင် သရေကုန်းဘောင်ရဲကင်းနှင့် ကိုက် ၅ဝ ခန့်အကွာရှိ ဖွေရူ ဘာတာ ကျေးရွာအနီး၌ မိုင်းတစ်လုံး၊ ကျေးရွာအတွင်း၌ မိုင်းတစ်လုံး၊ ပြင်ဖြူနယ်မြေရုံးနှင့် ကိုက်  ၅ဝဝ  ခန့် အကွာရှိ ရွာသစ်ကျေးရွာ၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်  ခွဆုံကျေးရွာသို့  နယ်မြေစိုးမိုးရေး ဆောင် ရွက် ရန်သွားရောက်စဉ် ရွာအဝင်တံတားအရောက်၌  အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက် သမား များက မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်သဖြင့်  အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ဆက်လက်၍ ကျေးရွာအတွင်း ရှင်းလင်းစဉ် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမား ၃ဝဝ ခန့်က စတင်ပစ် ခတ်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမား များသည် နေအိမ်များအား မီးရှို့ဖျက်ဆီး၍  မေယုတောင်ကြောဘက်သို့ ဆုတ်ခွာ ထွက် ပြေး သွား ခဲ့သည်။

ဆက်လက်၍ရှင်းလင်းစဉ် ပွိုင့် ၂၂ သေနတ် တစ်လက်၊ ကျည် ၁ဝ တောင့်နှင့် လက်လုပ် မိုင်း နှစ် လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် ကိုးတန် ကောက်ကျေးရွာ၌ နယ်မြေရှင်းလင်းစဉ် အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက်သမား များက မိုင်းတစ်လုံးဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ် ခတ် ရှင်း လင်းရာ တူမီးသေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့ပြီး ဆွဲမိုင်းများ ဆက်လက်ရှင်း လင်း လျက်ရှိသည်။

ဆက်လက်၍လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကိုးတန်ကောက်မြစ်နား ကျေးရွာ အတွင်း နယ်မြေ စိုးမိုး ရေးဆောင်ရွက်စဉ် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ဓားရှည် များဖြင့် ဝင်ရောက် ခုတ် သဖြင့် ပြန်လည်ခုခံရှင်းလင်းခဲ့ရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သဝန်ချောင်းကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် ခွဆုံ ကျေးရွာ နှင့်  သဝန်ချောင်းကျေးရွာအကြား ကွင်းပြင်၌ အလျား ၁ ပေ၊ ထု ၆ လက်မခန့်ရှိ မြေကျင်း အတွင်းမTNT ယမ်းပျော့ကပ်ထားသည့် ဘက်ထရီအိုးပါ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ သည့် မိုင်းတစ်လုံး တူးဖော်သိမ်းဆည်းရမိသည်။

ယနေ့နံနက် ၉ နာရီ ၂၅ မိနစ်ကလည်း အထက်ပြူးမ(နတလ)ကျေးရွာမှ နေအိမ် ၃ဝနှင့် ဝက်ကြိမ်း (မြိုရွာ)မှ နေအိမ် ၃ဝ တို့အား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့ဖျက် ဆီးခဲ့သည်။ ထို့ပြင် ကျောက်လှေကားကျေးရွာ ရွာလယ်လမ်း၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သည်။ နံနက် ၁ဝ နာရီတွင် မောင်တောမြို့ မြို့မကညင် တန်းရပ် ကွက်ရှိ ဘင်္ဂါလီနေ အိမ်တစ် လုံးအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက မီးရှို့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရသည်။နံနက် ၁ဝ နာရီခွဲက   မြို့မကညင် တန်း ရပ်ကွက်ရှိ    ဘင်္ဂါလီနေအိမ်တစ်လုံးအား အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက  မီးရှို့သဖြင့်  ထပ်မံမီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ သည်။

နံနက် ၁၁ နာရီ ၁ဝ မိနစ်တွင် ကျောက်လှေကားကျေးရွာ ရွာလယ်လမ်း၌ အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးထပ်မံပေါက်ကွဲပြီး ဇင်ပိုင်ညာလမ်းဆုံအနီးရှိ အိမ်တစ် လုံးအား အကြမ်းဖက်သမားတစ်ဦးက  မီးရှို့ပြီး  လက်လုပ်မိုင်း တစ်လုံးဖောက်ခွဲ၍ ထွက်ပြေး သွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရွှေဇားရဲကင်းရှေ့ရှိ လူနေအိမ် များ အားရှင်းလင်းရာ  အနီ၊ အနက် ဝါယာကြိုးဖြင့်ဆက်သွယ်ထားပြီး တိပ်အနက်ပတ်ထားသော  အထုပ် ခြောက် ထုပ်တွေ့ရှိခဲ့သည်။

ယနေ့နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင်နယ်မြေ (၄) အတွင်းရှိ စကားပင်ရင်းကျေးရွာနှင့် ကြက်ကျိမ်း ကျေးရွာမှ ဘင်္ဂါလီများသည် ၎င်းတို့နေအိမ်များအားမီးရှို့၍ ထွက်ပြေးသွားခဲ့သည်။ တစ်ချိန် တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြစ်နားကျေးရွာအား နယ်မြေစိုးမိုး ရေးလုပ် ငန်း ဆောင်ရွက်စဉ် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတစ်ဦးအား ဆွဲမိုင်း တစ်လုံးနှင့် အ တူ တွေ့ရှိ  ဖမ်းဆီးခဲ့သည်။

ထို့ပြင်  နယ်မြေ(၅)  သရက်အုပ်ကင်းစခန်းအနီးသို့ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၅ဝဝ ကျော် ခန့် ချဉ်းကပ်လာပြီး လက်နက်ငယ်များဖြင့်  စတင်ပစ်ခတ်ခဲ့၍ လုံခြုံရေး တပ်ဖွဲ့ ဝင်များက ပြန်လည်ခုခံပစ်ခတ်ရှင်းလင်းခဲ့ရသည်။မွန်းလွဲ ၁၂ နာရီခွဲတွင် မောင်တောမြို့ပေါ်ရပ်ကွက်(၅) ကာလာဘာ(ဘင်္ဂါလီ)ကျေးရွာတွင် မီးလောင် ကျွမ်းပြီး ၎င်းနေရာမှ လက်လုပ်ဗုံး သုံး လုံးပေါက်ကွဲခဲ့ကာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် တွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးအနောက်ဘက်ရှိ ဘင်္ဂါလီများနေထိုင်သည့် နေအိမ် ၁၉ လုံး မီး လောင်ကျွမ်းသဖြင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်း ငြှိမ်း သတ် နေစဉ်   အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက် သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကပြန် လည် ပစ် ခတ် တိုက်ခိုက်ခဲ့ရသည်။

မွန်းလွဲပိုင်းတွင် ကြက်ကျိမ်းကျေးရွာဘက်မှ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၅ဝ ဦးခန့်သည် ဝက်ကြိမ်းဘုရားတောင်ကြောဘက်သို့လည်းကောင်း၊ ပဒေးကားကျေးရွာဘက်မှအစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁ဝဝ ဦးခန့်သည် မင်းကြီးမြောက်ကျေးရွာဘက်သို့လည်း ကောင်း ဝင်ရောက်သွားခဲ့သည်။မောင်တောမြို့  မြို့မကညင်တန်းအုပ်စုဒီပါရွာရပ်ကွက် မီးလောင်ပြင်နေ ရာ၌ မိုင်း သုံးလုံး၊  ဇင်ပိုင် ညာ လမ်းဆုံ၌ မိုင်းငါးလုံးစုစုပေါင်း မိုင်းရှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

မွန်းလွဲ ၁ နာရီတွင် နယ်မြေ(၉) ကျောက်ပန္တုကျေးရွာ၌    လုံခြုံရေးယူထားသော တပ်ဖွဲ့ဝင် များအား   ကျောက်ပန္တုစေတီမှ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁ဝဝ ကျော်ခန့်က  လက် နက်ငယ် များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ခုခံ ရှင်းလင်းခဲ့ရာ အကြမ်းဖက် သမားများ ကိုင်ဆောင်သည့် လုပ်သေနတ်တစ်လက်၊ ဓားရှည်သုံးချောင်းတို့ကို သိမ်းဆည်း ရမိခဲ့ သည်။

ကျောက်လှေကားကျေးရွာ ပြင်ဖြူရဲစခန်းအနီးရှိ  နေအိမ်နှစ်လုံးပေါ်မှနေ၍ အစွန်းရောက်  ဘင်္ဂါ လီ အကြမ်းဖက်သမားများက ရဲစခန်းဝင်းအတွင်းသို့ လက်နက်ငယ်ဖြင့် ၁၂ ချက်ခန့် ပစ် ခတ်ပြီး လက်လုပ်မိုင်းသုံးလုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူ ရွာသစ်ကျေးရွာဘက်မှ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက လက်နက်ငယ်ဖြင့် ပြင်ဖြူရဲစခန်းဘက်သို့ ခုနစ်ချက်ပစ်ခတ်ခဲ့သည်။မွန်းလွဲ ၂ နာရီကျော်တွင် နယ်မြေ(၆)ရှိ ရွာသစ်ကျေးရွာအတွင်း အကြမ်းဖက်သမား များထောင် ထားသည့်   လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် သမားများက ပြင်ဖြူမြို့ နယ်မြေရုံးအား သေနတ်များဖြင့် ၁၂ ချက်ခန့် ပစ် ခတ်ခဲ့သည်။

ညနေ ၃ နာရီ ၁၅ မိနစ်တွင် နယ်မြေ (၁၁) အတွင်းရှိ  ရသေ့တောင်မြို့နယ်  ချွတ်ပြင် တိုင်းရင်း သားကျေးရွာသို့   အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတစ်ဦးက လက်လုပ် ဗုံးဖြင့် ပစ် ခတ် တိုက် ခိုက်ပြီး ချွတ်ပြင်(ဘင်္ဂါလီ)ကျေးရွာဘက်သို့  ပြန်လည်ထွက်ပြေးသွားခဲ့ သည်။ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချွတ်ပြင်(ဘင်္ဂါလီ) ကျေးရွာအတွင်းသို့ ဝင်ရောက် ရှင်းလင်းရာ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား ၈ဝ ဦးခန့်က လက်လုပ်ဗုံး၊ သေနတ်၊ ဓား၊ လှံများဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ ည နေ ၄ နာရီ မိနစ် ၄ဝ တွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက ၎င်းတို့၏နေအိမ်များအား ပြန်လည်မီးရှို့ကာ အထက်နန်းရာကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ပြီး အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက် သ မား များ ထံမှ လုပ်သေနတ်တစ်လက်၊ ဓား ၂၂  ချောင်း၊ လှံနှစ် ချောင်း နှင့် ဂျင်ကလိများ သိမ်းဆည်းရမိခဲ့သည်။

   နာရီတွင်  မောင်တောမြို့ ဝိမလတိုင်းရင်းသား ရပ်ကွက်အား အစွန်းရောက် ဘင်္ဂါလီ အကြမ်း ဖက်သမားများက မောင်တောမြို့ပျက်စီးရေး အတွက် အကြိမ်ကြိမ်မီးရှို့ခြင်း၊  ဖောက်ခွဲမှု များပြုလုပ်ခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များနှင့်  မီးသတ်တပ်ဖွဲ့များသည် မြို့ လုံခြုံရေး နှင့် မီးလောင်ဆုံးရှုံးမှုမဖြစ်စေရေး  အလေးထား ကာကွယ်ဆောင်ရွက်လျက်ရှိရာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများသည် မီးရှို့ရန် အခွင့်မသာ၍ မောင်တောမြို့မရပ်ကွက် ဇောတိကာရုံကျောင်းတိုက်ဝင်းအတွင်း ကွမ်းသီးကောက်နေသည့် မောင်သန်းလှိုင် ၁၆ နှစ် (မြို) တိုင်းရင်း သား အား လုပ်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဘက်ပေါင်တွင် ခဲသီး ပေါက် မှန်ဒဏ်ရာ ၁ဝ ချက် ရရှိခဲ့သဖြင့် မောင်တောဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

သို့ဖြစ် ၍ သြဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိ  အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ ထောင်ထားသည့်  လက်လုပ်မိုင်း ၄၅ လုံးပေါက်ကွဲခဲ့ပြီး ကျေးရွာခုနစ်ရွာ၊ ကင်းစခန်းတစ်ခုနှင့် မောင် တောမြို့ပေါ်ရပ်ကွက် နှစ်နေရာတို့အား  ယင်းအကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ထပ်မံ ရှိသည့် သတင်းများအား နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း   သိရသည်။                            

Read 96 times Last modified on Tuesday, 29 August 2017 08:54