SJ WorldNews - шаблон joomla Авто

ကုန်းမြင့် လယ်မြေများတွင် နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်

Sunday, 25 February 2018 09:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ခပေါင်းဆည်ရေသောက် စနစ်အတွင်း နွေစပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆည်ရေသောက်စနစ်၏ ပြင်ပတွင်ရှိသော ကုန်းမြင့်လယ်မြေများတွင်လည်း နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ေ ရးအတွက် လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာတွင် တောင်ငူမြို့နယ် ပဲချက်ကုန်းကျေးရွာအုပ်စု ထန်းပင်ကောက်ကျေးရွာမှ တောင်သူ ၁၇ ဦး၏ ယခင်က ဆည်ရေမရောက်ရှိနိုင်သော ကုန်းမြင့်လယ်မြေ ၈၉ ဧကခန့်တွင် SRI (System of Rice Intensification) စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ခပေါင်းလက်ဝဲမြောင်းမကြီး တိုက်ရိုက်မိုင်နာမြောင်းအမှတ်(၅)မှ ရေကိုသွယ်ယူ၍ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးမြောင်းများ ဆက်စပ် တည်ဆောက်ကာ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။

SRI နည်းစနစ်ဖြင့် စပါးစိုက်ပျိုးခြင်းမှာ မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုသဘာဝနှင့် လိုက်လျောညီထွေမှုရှိပြီး မျိုးစေ့ဖိုးကုန်ကျ စရိတ်သက်သာခြင်း၊ ရေလိုအပ်ချက်နည်းပါးခြင်း၊ ပိုးမွှားနှင့် ရောဂါများကျရောက်မှု လျော့ နည်းခြင်း၊ အော်ဂဲနစ်စိုက်ပျိုးရေး နည်းစနစ်ဖြစ်၍ မြေဆီသြဇာဖြစ်ထွန်းခြင်း၊ စပါးအထွက်နှုန်းမြင့်မားခြင်း၊ ကိုယ်ပိုင်မျိုးစေ့ ထုတ်ယူနိုင်ခြင်း၊ အပင်သက်တမ်းလျော့နည်း၍ ရာသီဥတုဒဏ်ခံနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။

ယခုအခါ အဆိုပါ ကုန်းမြင့်လယ်မြေ ၈၉ ဧကခန့်တွင် SRI နည်းစနစ်ဖြင့် စိုက်ပျိုးထားသော နွေစပါး စိုက်ခင်းများမှာ အထူးဖြစ်ထွန်းအောင်မြင်လျက် ရှိနေပြီဖြစ်သောကြောင့် တောင်သူလယ်သမားများ ဝင်ငွေ နှစ်ဆတိုးကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 232 times Last modified on Sunday, 25 February 2018 10:00