SJ WorldNews - шаблон joomla Авто

နွေစပါး (SRI) စံပြကွက် တောင်သူများအား ဓာတ်မြေသြဇာ ပေးအပ်

Saturday, 07 April 2018 09:38 font size decrease font size decrease font size increase font size increase font size

ပခုက္ကူ ဧပြီ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး (SRI) စံပြကွက်တောင်သူများအား ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲကို မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကြီးရွာရေတင်နွေစပါး (SRI) စံပြကွက်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်က နွေစပါး (SRI) စံပြကွက်စိုက်ပျိုးရေး နည်းစနစ်များ အကြောင်းကို ရှင်းလင်းပြောကြားပြီး တောင်သူများအားဧက ၅ဝ အတွက် ဓာတ်မြေသြဇာအိတ် ၅ဝထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်က (SRI) System Maticaly Rice Intesifi cation သည် စပါးအစွမ်းရှိ စိုက်ပျိုး နည်းစနစ်ဖြစ်ကြောင်း၊ ယခုပေးအပ်သော ဓာတ်မြေသြဇာသည် နိုက်ထရိုဂျင် ဓာတ်မြေသြဇာဖြစ်သောကြောင့် နွေစပါးအပင်ပွားချိန်တွင် လိုအပ်သော အာဟာရဓာတ်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပခုက္ကူမြို့နယ် ကြီးရွာရေတင်ကွင်း အမှတ် (၃၁၄) ဦးပိုင်အမှတ်(၃၇)၌နွေစပါး (SRI) စံပြကွက်စိုက်ပျိုးသည့် တောင်သူ ဦးမိုးကျော်က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး တောင်သူများက ဓာတ်မြေသြဇာများကို စိုက်ခင်း၌ ထည့်သွင်းကြကြောင်း သိရသည်။

ဆလိုင်းကိုကီး

Read 430 times Last modified on Saturday, 07 April 2018 09:42