SJ WorldNews - шаблон joomla Авто

UIT ကျောင်းသား ကျောင်းသူများ၏ ပဉ္စမအကြိမ်မြောက် Open Campus အခမ်းအနားကျင်းပ

Wednesday, 14 August 2019 13:45 font size decrease font size decrease font size increase font size increase font size

သတင်းအချက်အလက်   နည်းပညာတက္ကသိုလ် (University of Information Technology-UIT)က ကြီးမှူးပြီး ကျောင်းသား၊  ကျောင်းသူများ  စုပေါင်းပြသသည့် ပဉ္စမအကြိမ်မြောက် Open Campus အခမ်းအနားကို သြဂုတ် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပါရမီလမ်းရှိ အဆိုပါ တက္ကသိုလ်၌ ကျင်းပသည်။

''ဒီအခမ်းအနားကို ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်ကတည်းက ကျင်းပလာတာပါ။ အခုဆိုရင် ပဉ္စမအကြိမ်မြောက်ရှိပါပြီ။ ဒီအခမ်းအနားကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့စိတ်ပါဝင်စားတဲ့ အထူးပြုဘာသာရပ်၊ အသက်မွေးဝမ်းကျောင်းဘာသာရပ်တွေကို   မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့၊

ကုမ္ပဏီလုပ်ငန်းရှင်တွေအနေနဲ့လည်း ICT အထူးပြုကျောင်းသား၊ ကျောင်းသူတွေရဲ့ အရည်အချင်းတွေကို    လေ့လာဆန်းစစ်အကဲဖြတ်ပြီး   လုပ်ငန်းတွေမှာ  ရွေးချယ်ခန့်ထားနိုင်မှာပါ''ဟု  အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ  ဒေါက်တာမျိုးကြွယ်ကပြောသည်။

Open Campus  သည် UIT တက္ကသိုလ်မှ ချမှတ်ထားသော    သင်ရိုးညွှန်းတမ်းနှင့်အညီ ကျောင်းသား၊  ကျောင်းသူများပြုလုပ်ထားသော  Project  များကို  တစုတဝေးတည်းပြသသည့် ပြပွဲတစ်ခုဖြစ်သည်။ ယင်း Project များကို လာရောက်ကြည့်ရှုလေ့လာခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဖန်တီးနိုင်မှုစွမ်းအားနှင့် UIT ၌ ပညာ

သင်ကြားပေးမှုအခြေအနေများကို  သိရှိနိုင်မည်ဖြစ်သည်။

အဆိုပါပွဲ၌ ပထမနှစ်မှ စတုတ္ထနှစ်အထိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ်သော    ကိုယ်ပိုင်တွေးခေါ်မှုများ၊ လက်တွေ့ပြုလုပ်ထားသည့် ကွန်ပျူတာသိပံ္ပဘာသာရပ်နှင့် ကွန်ပျူတာနည်းပညာဆိုင်ရာ ဏမသနြခအ  ၃ဝ  နှင့်  ပြိုင်ပွဲဝင်ဆုရ  ဆုတံဆိပ်သုံးခုတို့ကိုပြသထားပြီး  လာရောက်ကြည့်ရှုလေ့လာသူများ နှစ်သက်မှုအများဆုံး ဏမသနြခအ များကို ဆုချီးမြှင့်မည်ဖြစ်သည်။

သတင်းအချက်အလက်   နည်းပညာတက္ကသိုလ်အနေဖြင့် ယခုပညာသင်နှစ်တွင် နောက်ဆုံးနှစ်  ကျောင်းသား၊  ကျောင်းသူ ၁၆ဝ ဦးကို ပြည်တွင်းပြည်ပရှိ  IT ကုမ္ပဏီ ၄ဝ ကျော်သို့ လုပ်ငန်းခွင်ဝင်သင်တန်းများ     စေလွှတ်ထားပြီး ၄င်းတို့ထဲမှ ကျောင်းသား၊ ကျောင်းသူ ၃ဝ ကျော်ကို ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့်      ဗီယက်နမ်နိုင်ငံတို့၌ရှိသည့် ကုမ္ပဏီတို့သို့ Intership သွားရောက်နေကြောင်း သိရသည်။

2017 First Global Challenge ၏ Youth Robotics Competition ပြိုင်ပွဲတွင်  သတင်းအချက်အလက်  နည်းပညာ တက္ကသိုလ်မှ ကျောင်းသူနှစ်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ  ကမ္ဘာ့အဆင့်(၆)ရရှိပြီး  ၂ဝ၁၇  ခုနှစ် က မလေးရှားနိုင်ငံ၌ ပြုလုပ်သည့်  ASEAN Markerthon 2017 တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ  ကျောင်းသားများသည်  First  Runner-up ရရှိခဲ့ကြောင်း သိရသည်။               ဝန်းရံခ

Read 18 times Last modified on Wednesday, 14 August 2019 13:46