SJ WorldNews - шаблон joomla Авто

ယူ - ၁၆ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် အကောင်းဆုံး ရလဒ်ရရန် ကြိုးစားမည်ဟု မြန်မာ နည်းပြချုပ်ပြော

Wednesday, 14 August 2019 09:51 font size decrease font size decrease font size increase font size increase font size

မနလေး၊ ဘောလုံး

မနလေး မြို့၌ကျင်းပမည့် ယူ-၁၆ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံးရလဒ် ရရှိရန်   ကြိုးစားမည် ဖြစ်ကြောင်း အိမ်ရှင်မြန်မာ ယူ-၁၆ အသင်းနည်းပြချုပ် ဦးမင်းသူ၏ပြောပြချက်အရ သိရသည်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)  ပံ့ပိုးကူညီမှုဖြင့် ယင်းပြိုင်ပွဲကို သြဂုတ် ၁၄ရက်မှ ၁၈ ရက်အထိ မနလေး မြို့ မန္တလာ သီရိ အားကစားကွင်း၌  ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင်  အိမ်ရှင်မြန်မာ၊ အင်ဒိုနီးရှား၊  တောင်ကိုရီးယားနှင့် မွန်တီနီ ဂရိုး ယူ-၁၆ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

““ဒီပြိုင်ပွဲကို  အကောင်းဆုံးရလဒ်တစ်ခုရအောင် ကြိုးစားသွားမယ်။ လက်ရှိမှာတော့  သူတို့ကို နည်းစနစ်တွေ၊   ကစား ကွက်တွေထက်   စိတ်ဓာတ်ပိုင်း    မြှင့်တင်မှုတွေ လုပ်ဆောင်ပေးနေပါတယ်””ဟု  ဦးမင်းသူက ပြောသည်။

မြန်မာအသင်းသည် ပြိုင်ပွဲအဖွင့်ပွဲအဖြစ် သြဂုတ် ၁၄ ရက်တွင် အင်ဒိုနီးရှား၊ သြဂုတ် ၁၆ ရက်တွင် တောင်ကိုရီးယား၊ သြဂုတ် ၁၈ ရက်တွင် မွန်တီ နီဂရိုးအသင်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။ အာဆီယံပြိုင်ပွဲတွင် တွေ့ဆုံစဉ်က  ဂိုးပြတ် ရှုံးနိမ့်သည့်  အင်ဒိုနီးရှား အသင်းကို  အဖွင့်ပွဲစဉ်၌  ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အကောင်းဆုံးရလဒ်ရရှိရန် ပြင်ဆင်ထား ကြောင်း သိရသည်။

လေးနိုင်ငံ  ယူ-၁၆  ဖိတ်ခေါ်ပြိုင်ပွဲသည် မြန်မာ  ယူ-၁၅  အသင်းနည်းပြချုပ် သစ်ဦးမင်းသူအတွက်  ပထမဆုံး  နိုင်ငံ တကာ ပြိုင်ပွဲဖြစ်ကာ အသင်းကိုကိုင်တွယ်ပြီး တစ်ပတ်အကြာတွင် နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၌ သြဂုတ်လ ဆန်းပိုင်းက ကျင်းပသည့် အာဆီယံ  ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုအဆင့် မှ ထွက်ခဲ့ရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည်  ယင်းပြိုင်ပွဲအပြီးတွင် မြန်မာ့လက်ရွေးစင် ယူ- ၁၅ အသင်းနှင့် ဂျာမနီ နိုင်ငံသား နည်းပြချုပ်တော်စတန်တို့ လမ်းခွဲပြီး  ဦးမင်းသူကို နည်းပြချုပ်အဖြစ်  သြဂုတ်၇ ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

TZW

Read 16 times Last modified on Wednesday, 14 August 2019 09:52