SJ WorldNews - шаблон joomla Авто

AFC-UEFA Assist လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအကြို သတင်းစာရှင်းလင်း

Wednesday, 14 August 2019 09:52 font size decrease font size decrease font size increase font size increase font size

မနလေး၊ ဘောလုံး

AFC-UEFA  Assist ယူ-၁၆ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအကြို သတင်းစာ ရှင်းလင်းပွဲကို သြဂုတ် ၁၃ ရက်က မန်္တလေး မြို့ရှိ Royal Mingalar Hotel ၌ ကျင်းပသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ အိမ်ရှင် မြန်မာ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မွန်တီနီဂရိုး ယူ-၁၆ အသင်းများမှ နည်းပြ ချုပ်များ  တက်ရောက်ခဲ့သည်။

““ကျွန်တော်တို့အသင်းအတွက် ပြင်ဆင်ချိန် ကတော့နည်းတယ်။ ကစားသမားတွေကလည်း အကယ်ဒမီက ကစား သမား တွေ ဖြစ်လို့  အတွေ့အကြုံနည်းပါ သေးတယ်။  ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းကို အများ ကြီး ပြင်ဆင်ရဦးမယ်။ ဒါပေမဲ့  ရတဲ့အချိန်အတွင်းမှာ အကောင်းဆုံးပုံစံ ရအောင်ပြင်ဆင် ထားပါတယ်။ ရလဒ်ကတော့  ပြိုင်ပွဲပြီးမှပဲသိနိုင်မှာပါ။  ပရိသတ်တွေ အနေနဲ့ ရလဒ် ဆိုတာထက် လူငယ်တွေရဲ့  ကြိုးစားအား ထုတ်မှု တွေကို အသိအမှတ်ပြု အားပေး စေချင်ပါတယ်””ဟု မြန်မာ ယူ-၁၆  အသင်းနည်းပြချုပ် ဦးမင်းသူက ပြောသည်။

ယင်းနောက်  အင်ဒိုနီးရှား  ယူ-၁၆အသင်း နည်းပြချုပ် Mr.Bima Sakti က ““ကျွန်တော်တို့ အသင်းအတွက် ပြိုင်ဘက် တွေက အာရှအဆင့်၊ ဥရောပအဆင့်အသင်း တွေဖြစ်သလို    အိမ်ရှင်မြန်မာကလည်း  အသင်းကောင်း တစ်သင်းဖြစ်လို့ အကျိုးရှိတဲ့ ပြိုင်ပွဲဖြစ်ပါတယ်”” ဟု ပြောသည်။

““AFC  ခြေစစ်ပွဲမတိုင်ခင်  လာရောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်လို့ ဒီပြိုင်ပွဲက ကျွန်တော်တို့ အသင်းအတွက်  အခွင့် အရေး ကောင်း တစ်ခုပါ။   ဒီပြိုင်ပွဲမှာ ကစားသမားတွေရဲ့ ခြေစွမ်းကိုစမ်းသပ်နိုင်မယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကို   ပြန်လည် သုံးသပ်နိုင် မှာဖြစ်လို့   အကျိုးရှိတဲ့ပြိုင်ပွဲပါ””  ဟု တောင်ကိုရီးယား ယူ-၁၆ အသင်းနည်းပြချုပ် Mr.Song Kyungsub ကပြောသည်။

““ဒီပြိုင်ပွဲကို   လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်တဲ့    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲက ကျွန်တော် တို့အသင်းအတွက်  အတွေ့အကြုံကောင်းတွေ အများကြီးရစေမှာပါ။   လူငယ်ပြိုင်ပွဲ ဆိုပေမယ့် မွန်တီနီ ဂရိုးနိုင်ငံ ကိုယ်စားပြုပြီး လာခဲ့တာဖြစ်လို့ အကောင်းဆုံး ယှဉ်ပြိုင်မှာပါ။ အချိန်တိုအတွင်း ဖွဲ့စည်းထားတာဖြစ် လို့   အချိန်အလုံ အလောက်မရခဲ့ပေမယ်အကောင်းဆုံးပုံစံရအောင်  ကြိုးစားယှဉ်ပြိုင်မှာပါ””ဟု  မွန်တီနီဂရိုး  ယူ-၁၆  အသင်း နည်းပြချုပ် Mr. Draskovic Slobodan က ပြောသည်။                           

TZW

                                                                          

Read 23 times Last modified on Wednesday, 14 August 2019 09:56