SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရွှေဘိုမြို့၌ စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိ သုံးစွဲနေသူကို ဖမ်းဆီးအရေးယူ

Monday, 23 October 2017 08:59 font size decrease font size decrease font size increase font size increase font size

ရွှေဘို အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ အမှတ်(၄) အနောက်ဈေး ရပ်ကွက်၌ ယမန်နေ့ ညနေ ၆ နာရီက စိတ်ကြွဆေးပြားများ ကိုင်ဆောင်သုံးစွဲနေသူ တစ်ဦး ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၆ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတာဇံနှင့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မြင့်မောင်တို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ကောင်းမြတ်ကျော်တို့ အဖွဲ့သည် ပြည်သူများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်နယ်မြေ အဖြစ် ဆောင်ရွက်နေစဉ် ရွှေဘိုမြို့ အမှတ်(၄) အနောက်ဈေး ရပ်ကွက်နေသူ အငယ်လေး(ခ) သန့်စင် ၃၂ နှစ်၏ နေအိမ်ကို မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ် အနောက်ဘက် အိပ်ခန်းအတွင်း၌ အငယ်လေး(ခ) သန့်စင်ကို တစ်ဦးတည်း တွေ့ရှိပြီး ၎င်း၏ ညာဘက်လက်တွင် အနက်ရောက် ပလတ်စတစ် အိတ်အတွင်းမှ စိတ်ကြွဆေးပြားဟု ယူဆရသော တစ်ပြားလျှင် အလေးချိန် သုည ဒသမ ၁ ဂရမ်ရှိ ပန်းရောင်ဆေးပြား ၆၅  ပြားနှင့် အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော ပန်းရောင် စိတ်ကြွဆေးပြား အကြေမှုန့် အလေးချိန် ၆ ဂရမ်ရှိ အထုပ်တစ်ထုပ် စုစုပေါင်း အလေးချိန် ၁၂ ဒသမ ၅ ဂရမ်တို့ကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများ လက်ဝယ်ကိုင်ဆောင် သုံးစွဲနေသူ အငယ်လေး(ခ) သန့်စင်ကို ရွှေဘိုမြို့မ ရဲစခန်းက မယ(ပ) ၁၇/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် ဖမ်းဆီးဆောင်ရွက်ထားကြောင်း သိရသည်။

Read 351 times Last modified on Monday, 23 October 2017 09:00