SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တိုက်ကြီးမြို့နယ်၌ ဘက်ထရီ ကျဉ်စက်ဖြင့် ငါးဖမ်းသူ ဓာတ်လိုက်သေဆုံး

Monday, 23 October 2017 09:00 font size decrease font size decrease font size increase font size increase font size

တိုက်ကြီး အောက်တိုဘာ ၂၂

ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် တာဂွကျေးရွာအုပ်စု လသာကုန်း ကျေးရွာအနီး၌  ယမန်နေ့ ညနေ ၃ နာရီက ဘက်ထရီ ကျဉ်စက်ဖြင့် ငါးဖမ်းရာ လူတစ်ဦး ဓာတ်လိုက် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ လသာကုန်း ကျေးရွာနေသူ ကျော်စိုးလင်းသည် ယမန်နေ့ နံနက် ၉ နာရီက ဘက်ထရီ ကျဉ်စက်ဖြင့် ငါးဖမ်းသွားရာ အချိန်မီ မရောက်ရှိသဖြင့် ဇနီးဖြစ်သူက သွားရောက် ရှာဖွေရာ လသာကုန်း ကျေးရွာအနီး ရိုးဖြတ်ချောင်း အနက် ၃ ပေခန့်အတွင်း ဘက်ထရီအိုးဖြင့်   ရှော့တိုက်ငါးဖမ်းရာမှ ဓာတ်လိုက်ကာ ပက်လက်လန် အနေအထားဖြင့် သေဆုံးနေသည်ကို   တွေ့ရှိရသဖြင့် အစ်ကိုဖြစ်သူ ကိုတင်ထွဋ်က လိုက်လံကြည့်ရှုပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

သေဆုံးသူ ကျော်စိုးလင်း(ခ) ကျော်လင်း ၃၄ နှစ်၏ ဝဲဘက်နားတွင် သွေးအနည်းငယ် ထွက်နေသည်ကို တွေ့ရှိရပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် တိုက်ကြီးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ တိုက်ကြီးမြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂၁/၂ဝ၁၇)အရ ဒုတိယရဲအုပ် ဌေးကိုကိုဇော်က စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 357 times Last modified on Monday, 23 October 2017 09:00