SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ထော်လာဂျီယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

Monday, 23 October 2017 09:00 font size decrease font size decrease font size increase font size increase font size

ညောင်ရွှေ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် တောင်ပို့ကျေးရွာ ခေါင်တိုင်-တောင်လေးလုံး လမ်း၌ ယမန်နေ့ နံနက် ၃ နာရီက ထော်လာဂျီယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးကြောင်း သိရသည်။

အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူး (တောင်ကြီး)မှ ရဲအုပ်အောင်ထိုက်သည် သက်သေများနှင့်အတူ ညောင်ရွှေမြို့နယ် တောင်ပို့ကျေးရွာ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးကြသည်။ ဖြစ်စဉ်မှာ ညောင်ရွှေမြို့နယ် ခေါင်တိုင်-တောင်လေးလုံးသွား ကားလမ်းမပေါ် တောင်ပို့ကျေးရွာရှိ PRISTNEL LOTIUS ဟိုတယ်ရှေ့တွင် ယာဉ်မောင်း ဦးဝင်းမာ ၅၆ နှစ် ကျားတွန်ကျေးရွာ ညောင်ရွှေမြို့နယ်နေသူ မောင်းနှင်လာသော ၉ဌ/--- လေးလုံးထိုး အပြာရောင် ထော်လာဂျီယာဉ်သည် ခေါင်တိုင်ဘက်မှ တောင်လေးလုံးဘက်သို့ မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ဇော်ထူး ၂၃ နှစ် ဘုရားကြီးရှေ့ အထက်ရွာ ညောင်ရွှေမြို့နယ်နေသူ မောင်းနှင်ပြီး နောက်တွင် မျိုးမြင့်ထွေး ၂၃ နှစ် သန်းတောင်ကျေးရွာ ညောင်ရွှေမြို့နယ်နေသူ လိုက်ပါစီးနင်းလာသော  E/--- လော်ဂျား ၁၁ဝ ဖြူ/နက်ရောင် မော်တော်ဆိုင်ကယ်နှင့် ဝင်ရောက် တိုက်မိခဲ့သည်။ ထော်လာဂျီယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဇော်ထူးတွင် နဖူးဝဲဘက်ပေါက်ပြဲ၊ ဦးခေါင်းဝဲချိုစောင်း ပေါက်ပြဲ၊ ဝဲပေါင်နှင့် ခြေသလုံး ပေါက်ပြဲကျိုး ဒဏ်ရာနှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ မျိုးမြင့်ထွေးတွင် နဖူးပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်ဒူးနှင့် ခြေဖမိုးပေါက်ပြဲ ဒဏ်ရာတို့ ရရှိခဲ့သဖြင့် မှုခင်းဆေးစာဖြင့် ညောင်ရွှေ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံသို့ ရောက်ရှိစဉ် ဆိုင်ကယ်မောင်းနှင်သူ ဇော်ထူးမှာ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ထော်လာဂျီယာဉ်မောင်း ဝင်းမောင်နှင့် ဆိုင်ကယ်မောင်းနှင်သူ ဇော်ထူးတို့ နှစ်ဦးကို ညောင်ရွှေမြို့မ ရဲစခန်းက ယာဉ်(ပ)၁၆/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၂၇၉/၃၃၈/၃ဝ၄-က အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 338 times Last modified on Monday, 23 October 2017 09:01