SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

၁၈ ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ပိတ်ဆို့မှုဖြစ်ပွား

Monday, 23 October 2017 09:01 font size decrease font size decrease font size increase font size increase font size

ညောင်လေးပင် အောက်တိုဘာ ၂၂

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၁ဝ၃/၁)နှင့် (၁ဝ၃/၂)အကြား၌  ယနေ့ နံနက် ၄ နာရီတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ မကွေးတိုင်း ဒေသကြီး အောင်လံမြို့နေ ကောင်းမြတ်အောင် ၂၇ နှစ်မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်နောက်လိုက်အဖြစ် တစ်မြို့တည်းနေ နောင်သက်ပိုင် ၃ဝ နှစ် လိုက်ပါလာ၍ ဆပ်ပြာမှုန့်အိတ်များ တင်ဆောင်မောင်းနှင်လာသော ယာဉ်အမှတ် 7J/---- ဖူဆိုအမျိုးအစား ဖြူ/နီရောင် ၁၈ ဘီးယာဉ်သည် အခင်းဖြစ်ပွားရာ နေရာအရောက်   အရှိန်မထိန်းနိုင်ဘဲ လမ်း၏အလယ်တွင် တိမ်းမှောက်သွားသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူနှစ်ဦး ထိခိုက်မှု မရှိသော်လည်း ကားလမ်းမှာ နှစ်နာရီကျော်ခန့် ပိတ်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင် မခြင်မောင်းနှင်သူ ယာဉ်မောင်းကောင်းမြတ် အောင်ကို ညောင်လေးပင်မြို့မ ရဲစခန်းက ယာဉ်(ပ) ၄၆/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Read 292 times Last modified on Monday, 23 October 2017 09:02