SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရပ်စောက်မြို့နယ်၊ တောင်စဉ်မြောင်ကျေးရွာ အနီး၌ သစ်များတရားမဝင် သယ်ဆောင်လာသူ များအား ဖမ်းဆီးရမိ

Tuesday, 24 October 2017 09:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် မားသဲကျေးရွာ အုပ်စု၊ တောင်စဉ်မြောင် ကျေးရွာအနီး တရားမဝင် သစ်များ သယ်ဆောင်နေကြောင်း သတင်းအရ အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် သွားရောက်စစ်ဆေးရာ ဦးရင်ထွေး(ဘ) ဦးစံထွန်း မောင်းနှင်ပြီး ဦးကျော်သူရ(ဘ) ဦးအေးနိုင်နှင့် ဦးဖိုးဇော်(ဘ) ဦးစံအေးတို့ လိုက်ပါလာသော

နစ်ဆန်းအမျိုးအစား ၁ဝ ဘီးယာဉ်အမှတ်၊ 6B/----- နှင့် ယာဉ်ပေါ်မှ တရားမဝင် တင်ဆောင်လာသော ပိတောက်ဓားရွေတုံး ၁ဝ တန်ခန့်ကို လည်းကောင်း၊ ၎င်းသစ်များ၏ ပိုင်ရှင်ဖြစ်သူ ဦးထွန်းလင်းဝင်း(ဘ) ဦးဥာဏ်ဝင်း မောင်းနှင်၍ ဦးဗာဗရမ်(ဘ) ဦးမျိုးဝင်းတို့ လိုက်ပါလာသော ပါဂျဲရိုး အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 5G/----တို့ကိုလည်းကောင်း အသီးသီး ဖမ်းဆီးရမိ ခဲ့သည်။ အဆိုပါ တရားမဝင် သစ်များနှင့် ဖမ်းဆီးရမိသူများအား ရပ်စောက်မြို့နယ်၊ သစ်တောဦးစီး ဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 409 times Last modified on Tuesday, 24 October 2017 09:04