SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တိုင်းရင်းသား ဒိုင်းနက် လူမျိုးလေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နှစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ

Tuesday, 24 October 2017 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သပြေကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသား လေးဦးသည် နယ်စပ်ခြံစည်းရိုးကို ကျော်၍ တောဝက် လိုက်ဖမ်းရာမှ အရပ်ဝတ် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် အောင်သပြေ ကျေးရွာနေ တိုင်းရင်းသား ဒိုင်းနက်လူမျိုး မောင်ငယ်လှ ၂၉ နှစ်၊ မောင်ရွှေသိမ်း ၂၈ နှစ်၊ မောင်စိန်လှမောင် ၃၂ နှစ် ၊ မောင်နီထွန်း၂ဝ နှစ် တို့လေးဦးသည် အောက်တိုဘာ ၂၂ ရက် ည ၇ နာရီတွင် နယ်မြေ(၁) နယ်စပ်မှတ်တိုင် (၄၆-၄၇)ကြားအနီး၌ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ တောဝက်လိုက်ဖမ်းရာ နယ်စပ်ခြံစည်းရိုးနှင့် ကိုက် ၁ဝဝ ခန့်အကွာ၌ အရပ်ဝတ်ဖြင့် သေနတ် ကိုင်ဆောင်ထားသူ ၁၅ ဦးခန့်က သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုကြောင့် မောင်စိန်လှမောင်နှင့် မောင်နီထွန်းတို့ နှစ်ဦးမှာ သေဆုံးသွားပြီး မောင်ငယ်လှနှင့် မောင်ရွှေသိမ်းတို့ နှစ်ဦးတွင် ဝဲပါး၊ လက်ဖျံ၊ ယာခါး၊ တင်ပါးရှပ်ထိ ဒဏ်ရာရရှိကာ ပြန်လည် ထွက်ပြေးခဲ့ရာ ည ၁ဝ နာရီတွင် အောင်သပြေကျေးရွာသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ဒဏ်ရာရရှိသူ နှစ်ဦးအား အောင်သပြေ ဆေးရုံမှတစ်ဆင့် မောင်တော ဆေးရုံသို့ ဆက်လက်တင်ပို့ခဲ့ပြီး ယနေ့နံနက် ၈ နာရီခွဲတွင် သေဆုံးသူနှစ်ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ရွာသားလမ်းပြ နှစ်ဦးဖြင့် လိုက်လံရှာဖွေခဲ့ရာ နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် အခင်းဖြစ်နေရာ၌ ပြန်လည် တွေ့ရှိသဖြင့် အောင်သပြေ ကျေးရွာသို့ ပြန်လည် သယ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

Read 310 times Last modified on Tuesday, 24 October 2017 09:04