SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရဲကင်းစခန်း အတွင်းသို့ ဓားကောက်ကိုင်ဆောင်လျက် ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးအား ပစ်ခတ်ဖမ်းဆီး

Tuesday, 24 October 2017 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကွမ်းသီးပင်ချောင်းဝ ရဲကင်းစခန်းအတွင်း ဓားကောက်ကိုင် အမည်မသိ အမျိုးသားတစ်ဦး ပြေးဝင်လာသဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ၂ဝ ရက် နံနက် ၈ နာရီက ဓားကောက်ကိုင် အမည်မသိ အမျိုးသားတစ်ဦး မောင်တောမြို့နယ် နယ်မြေ(၃) ကွမ်းသီးပင်ချောင်းဝ ရဲကင်းစခန်း အတွင်းသို့ ဦးတည်ပြေးလာသဖြင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ရပ်တန့်၍ လက်နက်ချရန် အော်ဟစ် သတိပေးသော်လည်း ရပ်တန့်ခြင်း မရှိဘဲ အလ္လာဝက္ကဘတ်ဟု အော်ဟစ်၍ ဆက်လက်ပြေးဝင် လာခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရသည်။ ထိုသို့ပစ်ခတ် ဖမ်းဆီးခဲ့မှုကြောင့် ယင်းအမျိုးသားမှာ ယာရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့် စခန်းနှင့်  ၅ ကိုက်ခန့် အကွာတွင် လဲကျသေဆုံး သွားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ ၅၆ နှစ်ဖြစ်ပြီး ၎င်းထံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကတ်အမှတ် (ID) 2690421588992 နှင့် ဓားကောက်တစ်ချောင်း တို့အား သိမ်းဆည်းရမိခဲ့ပြီး တောင်ပြို-ယာနယ်မြေစခန်း၌ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Read 319 times Last modified on Tuesday, 24 October 2017 09:04