SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဖယောင်းတိုင်မီးမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်း

Tuesday, 24 October 2017 09:04 font size decrease font size decrease font size increase font size increase font size

လားရှိုး အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာတွင် ဘုရားမီး ပူဇော်ရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာအုပ်စု ဟူးမန်းကျေးရွာ ရွာလယ်လမ်းနေ ဦးအိုက်ခန်း၏ နေအိမ်၌ နံနက် ၈ နာရီခန့်က ဘုရားမီး ပူဇော်ထားသော ဖယောင်းတိုင်မီးမှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ''မီးစလောင်တာ  သတင်းမပို့ခဲ့ ပါဘူး။ ပြီးတော့မှ    ဆိုင်ကယ်နဲ့လာပြီး အကြောင်းကြားလို့ စစ်ဆေးခဲ့တာပါ။ အိမ်တစ်လုံးနဲ့ သူ့ဘေးက ထင်းတဲတစ်ခု မီးလောင်သွားခဲ့တာပါ''ဟု ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ  ဦးဇော်မင်းဦးက ပြောသည်။ အဆိုပါ ဘုရားစင်ပေါ်၌ ဖယောင်းတိုင် မီးထွန်းထားပြီး အိမ်ရှင်မှာ အပြင်ထွက်စဉ် ဖယောင်းတိုင်ကုန်ကာ အောက်ခံ သစ်သားတန်းအား မီးစွဲပြီး ဘုရားစင်မှ တစ်ဆင့် မီးကူးစက် လောင်ကျွမ်းသွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ပေ(၃ဝx၁၈x၁၈)နှစ်ထပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းလူနေအိမ် တစ်လုံးနှင့် (၉x၈x၉)ပေရှိ  သက်ငယ်မိုး၊ ဝါးကာ၊ ဝါးခင်းထင်းတဲတစ်လုံး တန်ဖိုးငွေကျပ် ၈၁၉ဝဝဝခန့် မီးလောင်ကျွမ်း ခဲ့ရကြောင်း၊ လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သိရသည်။

Read 327 times Last modified on Tuesday, 24 October 2017 09:05