×

Warning

JUser: :_load: Unable to load user with ID: 107
Print this page

စားသောက်ဆိုင်၌ ခိုက်ရန်ဖြစ်ပွား၍ ဓားဒဏ်ရာဖြင့် တစ်ဦးသေဆုံးပြီး သေနတ်ဒဏ်ရာဖြင့် တစ်ဦးဒဏ်ရာရ

Tuesday, 24 October 2017 09:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက် မေယုတောင်လမ်းရှိ ရွိုင်ရယ် စားသောက်ဆိုင်၌ စားသောက်သူများနှင့် ဆိုင်ဝန်ထမ်းများ စကားများ ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးသေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့ မင်းဂံရပ်ကွက် မေယုလမ်းဘေးရှိ ရွိုင်ရယ် စားသောက်ဆိုင်၌ အောက်တိုဘာ ၂ဝ ရက် ည ၁၂ နာရီက စစ်တွေမြို့ စဥ့်ကူးလမ်းရပ်ကွက်နေ ဇော်အေး ၃ဝ နှစ်၊ အေးကို ၃၇ နှစ်တို့ အပါအဝင် သုံးဦး စားသောက်နေစဉ် အစားအသောက်ကိစ္စနှင့် ပတ်သက်၍ အဆင်မပြေဖြစ်ရာမှ ဆိုင်မန်နေဂျာ ဝင်းမောင်သိန်း၂၇ နှစ်နှင့် ဆိုင်လုပ်သား နေမျိုး ၁၈ နှစ် အပါအဝင် လေးဦးနှင့် စကားများ ခိုက်ရန်ဖြစ်ပွား ခဲ့ကြသည်။ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ဇော်အေး၏ ဦးခေါင်းနောက်စေ့၊ ဝဲလက်မောင်း၊ ဝဲလက်ပြင်၊ ယာတံတောင်ဆစ် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဇော်အေးနှင့် အဖွဲ့က ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်တွင် ရောက်ရှိနေသူ ဦးမောင်သိန်းဦး ၆၁ နှစ်၏ ယာနို့အုံအောက်မှ ကျည်ထိမှန် ဒဏ်ရာရရှိ၍ စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိသည်။ ဒဏ်ရာရရှိသူ ဇော်အေးမှာ စစ်တွေဆေးရုံ၌ သေဆုံးသွားပြီး ဇော်အေးနှင့်အဖွဲ့ စီးနင်း လာသည့် အေးကိုပိုင် မော်တော်ယာဉ်အား မင်းဂံရပ်ကွက်ရှိ ပန်းသတင်း စားသောက်ဆိုင် ရှေ့၌ တွေ့ရှိစစ်ဆေးရာ ၉ မမ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည်ကိုးတောင့်၊ ကျည်ခွံတစ်ခု၊ ဓားလေးချောင်းနှင့် ဘောစေ့ ထည့်ပစ်ရသည့် ပစ္စတို တစ်လက်တို့အား သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အေးကိုအား လက်နက် ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ဇော်အေးသေဆုံးမှုနှင့် ပတ်သက်၍ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း    သတင်းရရှိသည်။

Read 366 times Last modified on Tuesday, 24 October 2017 09:05