SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပင်လယ်ပြင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 24 October 2017 10:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းမြို့ အနီး ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင်

ဘုတ်ပြင်းမြို့၏ အနောက်တောင်ဘက် ရေ မိုင် ၂၁ မိုင်ခန့်အကွာ၌  စက်မကြီး တရုတ်နီ HP 8/10 ပဲ့ချိတ်နှစ်လုံး တပ်ဆင်ထားသော အလျား ၄၁ ပေ၊ အနံ ၇ ပေ၊ ရေစူး ၃ ပေခန့် သစ်သားကိုယ်ထည် လှေတစ်စင်းပေါ်တွင် ဝင်းနိုင်(ဘ) ဦးဘိုးကြွယ်၊ ပိုင်စိုးသူ(ဘ) ဦးဒီမို တို့အား WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅၅ ပြား၊ ဘိန်းစာမှုန့် ၁၂၂ ထုပ်၊ မြန်မာငွေ ၂ဝ၉ဝဝဝ ကျပ်နှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၄၂ဝ ဘတ် တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူ များနှင့် မူးယစ်ဆေးဝါး များအား ကော့သောင်းမြို့မ ရဲစခန်းသို့  စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 301 times Last modified on Tuesday, 24 October 2017 10:10