SJ WorldNews - шаблон joomla Авто

ဖားကန့် မြို့နယ်တွင် ငွေကျပ် ၂၃၄၇၅ ဒသမ ၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 24 October 2017 10:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   အောက်တိုဘာ   ၂၃

အောက်တိုဘာ ၂၂ ရက်ည ၆ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဝေမင်း(ခ) အေးသား မောင်းနှင်ပြီး ကျော်အောင်(ခ)အားတီလိုက်ပါလာသည့်  မော်တော်ယာဉ်ကို ရှာဖွေရာ   ယာဉ်၏ ကြမ်းခင်း အံဝှက်များအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၃၄ဝဝဝပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၁၁ဝ ခွက် (ဘိန်းဖြူ အလေးချိန် ၁ ဒသမ ၃၂ ကီလို)၊ ဘိန်းဆီခဲ ၆၆ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ အောက်တိုဘာ ၂၃ ရက် နံနက် ၁ဝ နာရီအချိန် ပူးပေါင်းအဖွဲ့ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆွတ်အောင်ကျေးရွာ အိမ်အမှတ်(၁/၅၁)နေ ကျော်အောင်(ခ)အားတီ၏နေအိမ်ကိုရှာဖွေရာ အိပ်ခန်းရှိ သံသေတ္တာ အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၉၆ဝဝဝ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၈၈ ခွက်(ဘိန်းဖြူ အလေးချိန် ၁ ဒသမ ဝ၅၆ ကီလို)နှင့် ခြံဝင်းအတွင်းရှိ မော်တော်ယာဉ်၏ ကြမ်းခင်း အံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၃၆ ခွက် (ဘိန်းဖြူအလေးချိန် ၁ ဒသမ ၆၃၂ ကီလို) တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ကျော်အောင်(ခ) အားတီ ၂၄ နှစ်နှင့် ဝေမင်း(ခ) အေးသား ၄ဝ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သတင်း ရရှိသည်။

Read 345 times Last modified on Tuesday, 24 October 2017 10:30