SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပင်လောင်းမြို့နယ်၌ တရားမဝင် သယ်ဆောင်လာသော သတ္တုအိတ်များ သိမ်းဆည်း

Wednesday, 25 October 2017 08:59 font size decrease font size decrease font size increase font size increase font size

ပင်လောင်း အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် ပင်လောင်း-လွိုင်ကော်လမ်း ရင်းမှီးလမ်းဆုံ အနီး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက တရားမဝင် သယ်ဆောင်လာသော သတ္တုများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပင်လောင်းမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ကျော်ကျော် ဦးစီး အဖွဲ့သည် သက်သေများနှင့်အတူ ပင်လောင်းမြို့နယ် ပင်လောင်း-လွိုင်ကော် သွားကားလမ်း   မိုင်တိုင်အမှတ် (၆၆/၃) ရင်းမှီးလမ်းဆုံတွင် ရှာဖွေစစ်ဆေးရေး ဆောင်ရွက်နေစဉ်   လွိုင်ကော် ဘက်မှ ပင်လောင်းဘက်သို့ ဒေါတမရပ်ကွက် လွိုင်ကော်မြို့နေ ယာဉ်မောင်း သန့်ဇင် ၃၅ နှစ်မောင်းနှင်ပြီး ဘာတိုရပ်ကွက် လွိုင်ကော် မြို့နေ အလက်ဆန်းဒါး ၃၅ နှစ် လိုက်ပါလာသော YGN/4L ----- ၁၂ ဘီး အပြာရောင် မော်တော်ယာဉ်နှင့် မိုးဗြဲမြို့ ဖယ်ခုံမြို့နယ်နေ ယာဉ်မောင်း သိန်းလွင် ၃ဝ နှစ် မောင်းနှင်၍ ဒေါအုခူရပ်ကွက် လွိုင်ကော်မြို့နေ ဇင်ဖြိုး ၂၄ နှစ် လိုက်ပါလာသော YGN/4L ----- ၁၂ ဘီး ဖြူ/နီရောင် မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့သည်။ ထိုသို့ စစ်ဆေးရှာဖွေရာ YGN/4L ----- ယာဉ်မောင်း သန့်ဇင်မှာ ထွက်ပြေးသွားပြီး ယာဉ်နောက်လိုက် အလက်ဆန်းဒါးနှင့် အတူ ယာဉ်ပေါ်တွင် အလေးချိန် ပိဿာ ၃ဝ ခန့်စီပါ  ဆာလာအိတ် အဖြူရောင်ဖြင့် ထည့်ထားသော မြေကြီးနှင့် ရောနှောထားသည့် သတ္တုအိတ် ၉၅ အိတ်နှင့် 4L /----- ယာဉ်ပေါ်တွင် အလေးချိန် ပိဿာ ၃ဝ ခန့်စီပါ ဆာလာအိတ် အဖြူရောင်ဖြင့် ထည့်ထားသော မြေကြီးနှင့် ရောနှောထားသည့် သတ္တုအိတ် ၉၃ အိတ် စုစုပေါင်းတန်ဖိုး ငွေကျပ် ၇၅၂ဝဝဝဝဝ ခန့်တို့ကို ရှာဖွေတွေ့ရှိ၍ စစ်မေးရာ အထောက်အထားနှင့် ခွင့်ပြုမိန့် တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အပြင် တရားမဝင် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် သိမ်းဆည်းခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သန့်ဇင်၊ အလက် ဆန်းဒါး၊ သိန်းလွင်နှင့် ဇင်ဖြိုးတို့ လေးဦးကို ပင်လောင်းမြို့မ ရဲစခန်းက (ပ)၅၇/၂ဝ၁၇၊ သတ္တုတွင်း ဥပဒေပုဒ်မ ၃၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 331 times Last modified on Wednesday, 25 October 2017 09:00