SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမျိုးသားတစ်ဦး ရထားတိုက်မိကာ သေဆုံး

Wednesday, 25 October 2017 09:00 font size decrease font size decrease font size increase font size increase font size

ကညွတ်ကွင်း အောက်တိုဘာ ၂၄

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်  ကညွတ်ကွင်းနယ်မြေ ကွင်းအနောက်အုပ်စု သံတံတားကြီး ကျေးရွာအနီး ကညွတ်ကွင်း ဘူတာနှင့် တောကျွဲအင်း ဘူတာအကြား မီးရထားလမ်း မိုင်တိုင်(၁၂၁/၁၂)နှင့် (၁၂၁/၁၃) အကြားတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်-နေပြည်တော် လူစီးအမြန်ရထားမှ ရထားလမ်းပေါ်၌ လဲလျောင်းနေသော အမျိုးသား တစ်ဦးအား တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ စက်ခေါင်းမောင်း မိုးကျော်စိုးနှင့် ရထားထိန်း အောင်နိုင်ဦးတို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် (DF /----) ရန်ကုန်-နေပြည်တော် လူစီး အမြန်ရထားသည် မောင်းနှင်လာစဉ် ကညွတ်ကွင်း ဘူတာနှင့် တောကျွဲအင်းဘူတာ အကြားအရောက် ရထားလမ်းပေါ်၌ လဲလျောင်းနေသော ကွင်းအနောက်အုပ်စု သံတံတားကြီး ကျေးရွာနေ ဦးခင်မောင်မြင့် ၅၃ နှစ်အား တိုက်မိရာ ရထားတိုက်မိမှုကြောင့် ဦးခင်မောင်မြင့်မှာ ဦးခေါင်းကြေမွ၊ ခြေလက်ပြတ် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးရခြင်းဟုတ်၊ မဟုတ် ကညွတ်ကွင်း နယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၉/၂ဝ၁၇)အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

Read 234 times Last modified on Wednesday, 25 October 2017 09:00