SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကြာပန်းတိုးဂိတ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး သိမ်းဆည်းရမိ

Wednesday, 25 October 2017 09:00 font size decrease font size decrease font size increase font size increase font size

သထုံ အောက်တိုဘာ ၂၄

မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ် ကျေးရွာအုပ်စု ကြာပန်းတိုးဂိတ်၌ ယမန်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီး သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကြာပန်းတိုးဂိတ်၌ စစ်ဆေးရေး ဆောင်ရွက်နေစဉ် ဘားအံဘက်မှ သထုံဘက်သို့ ကရင်ပြည်နယ်နေ ယာဉ်မောင်း စံတင် ၂၅ နှစ် မောင်းနှင်လာသော Nissan Elgrand ခဲရောင်ယာဉ်နှင့် ကရင်ပြည်နယ်နေ ကျော်မျိုးဟိန်း ၃ဝ နှစ် မောင်းနှင်လာသော Nissan Elgrand ခဲရောင်ယာဉ် နှစ်စီးအားစစ်ဆေးရာ လိုင်စင် ရှိကြောင်း အထောက်အထား မပြနိုင်၍ သိမ်းဆည်းခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သုဓမ္မဝတီ နယ်မြေရဲစခန်းက စံတင်ကို(ပ) ၁၈၄/၂ဝ၁၇၊ ပို့ကုန်/သွင်းကုန်ပုဒ်မ(၈)ဖြင့် လည်းကောင်း၊ ကျော်မျိုးဟိန်းကို (ပ) ၁၈၅/၂ဝ၁၇၊ ပို့ကုန်/သွင်းကုန် ပုဒ်မ(၈)ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 380 times Last modified on Wednesday, 25 October 2017 09:01