SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လားရှိုး နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မြို့ရှောင်လမ်း၌ ယမန်နေ့ ညနေ ၅ နာရီက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်ခုံကိုဝင်တိုက်မိပြီးနှစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်းသိရသည်။ ဖြစ်စဉ်မှာ လားရှိုးမြို့နယ် မန်ကုန်းကျေးရွာနေသူ စိုင်းဆိုင်ညွန့် မောင်းနှင်လာသော 3G/-----WISH ယာဉ်မှာလားရှိုးမြို့ရှောင်လမ်း အတိုင်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၉/၆)နှင့် (၉/၇)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော လမ်းဘေးရှိ တံတားအုတ်ခုံကိုတိုက်မိပြီး လမ်းမပေါ်သို့ တိမ်းမှောက်ရာ စိုင်းဆိုင်ညွန့်မှာဦးခေါင်းကွဲ၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ ယာဉ်ပေါ်ပါ သားဖြစ်သူ စိုင်းနွံကွမ်းလျန်မှာ ဦးခေါင်းပေါက်ပြဲဖူးရောင် ဒဏ်ရာ တို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူနန်းမြသိန်းမှာယာဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍လားရှိုးမြို့ မရဲစခန်းက ယာဉ်(ပ)၄၁/၂ဝ၁၇၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Page 195 of 232