SJ WorldNews - шаблон joomla Авто

ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ တစ်ဦးထပ်တိုး

Thursday, 04 June 2020 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန် 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ယနေ့နံနက် ၇ နာရီနှင့် ည ၈နာရီတို့တွင်  COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်များအရ ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့ လူနာသစ် တစ်ဦးရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၂-၆-၂၀၂၀)ရက် အတွက် COVID-19 ဓာတ်ခွဲ စစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)  (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-Mdy) မှ ဓာတ်ခွဲနမူနာ ၂၆၉ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ ကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၆၆ ခု၊  စုစုပေါင်း ၁၀၈၀ ခုအား (၃-၆-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်တစ်ဦး တွေ့ရှိခဲ့သည်။

(၂-၆-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၂၉ ခု၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၁၂၉၈ ခု၊  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (မန္တလေး) (PHL-Mdy) မှ ဓာတ်ခွဲနမူနာ ၂၆၉ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မ တော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲ နမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁၈၆၂ ခုအား စစ်ဆေးခဲ့ပြီး (၃-၆-၂၀၂၀) ရက် နံနက် အစောပိုင်းတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီး ခဲ့သည်။

(၃-၆-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ပထမ အသုတ်ဓာတ်ခွဲနမူနာ ၆၅၅ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ ၂၂၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲ မှုဆိုင်ရာဌာန (မန္တလေး) (PHL-Mdy) မှ ဓာတ်ခွဲနမူနာ ၂၇၈ ခုနှင့် ရန်ကုန်မြို့ အမှတ် (၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲ နမူနာ ၆၅ ခု စုစုပေါင်း ၁၂၂၁ ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ သစ်မတွေ့ရှိရပါ။

(၃-၆-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၃၃ ဦး ရှိသည်။ ဓာတ်ခွဲ အတည်ပြု လူနာဟောင်း (Old Confirmed Case)များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ နှစ်ဦး (Case-189နှင့် 191) ရှိသဖြင့် (၃-၆-၂၀၂၀) ရက်အထိ ရောဂါပိုး ကင်းစင်လာသူစုစုပေါင်း ၁၄၅ ဦးရှိသည်။ ၎င်းတို့အနက် ၁၃၂ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက် ရှိသည်။

 ဓာတ်ခွဲ အတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။ (၂-၆-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီမှ (၃-၆-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်းတွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၄၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

Read 83 times Last modified on Thursday, 04 June 2020 09:08