SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများ အတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ် လှူဒါန်း

Tuesday, 30 June 2020 23:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃၀

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊လားရှိုးမြို့၊ ကျောက်မဲမြို့၊ သိန်းနီမြို့၊ တန့်ယန်းမြို့နှင့် နမ္မတူမြို့တို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ဟိုပုံးမြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊  ဆီဆိုင်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘန်းယဉ်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့တို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့နှင့် ကျေးသီးမြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊  မော်လမြိုင်မြို့၊ ရေးမြို့၊ သထုံမြို့၊ ကျိုက်ထိုမြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ဘားအံမြို့ တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ကလိန်အောင်မြို့၊ ထားဝယ်မြို့၊ ပလောက်မြို့နှင့် မြိတ်မြို့တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ အဖျောက်မြို့၊ လှည်းကူးမြို့နယ်၊ ဒလမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်အောင်မြို့ နှင့် မော်လမြိုင်ကျွန်းမြို့တို့၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပြည်မြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19  ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask  အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလို လက်သန့်ဆေးရည်များ၊ Surgical Gloves များ၊ Face Shield များနှင့် Face Mask များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသော နေရာများနှင့် အခြေခံပညာကျောင်းများ၌ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ 

ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။  

 

 

 

 

 

Read 42 times Last modified on Tuesday, 30 June 2020 23:25