SJ WorldNews - шаблон joomla Авто

တောနှင့်တောင်စွယ်ရှုမောဖွယ် ပြည်သူတွေဝယ်ဒုက္ခသောက

Saturday, 07 September 2019 08:53 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အရှေ့မြောက်ဒေသသို့သွားရာလမ်းမှ သီပေါမြို့၌တည်ထားသော ဘော်ကြိုဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလ၌ စည်ကားသိုက်မြိုက်စွာကျင်းပစဉ် ဒေသခံတိုင်းရင်းသားပြည်သူများ စုံစုံညီညီလာရောက်ကြသည်ကို ဆရာဇော်ဂျီရေးဖွဲ့သည့် ''ကမ္ဗောဇသို့''ကဗျာတွင်တွေ့ရသည်မှာ''တပေါင်းလပွဲတော်ခါ၊ ဘော်ကြိုမှာပျော်လိုဇောနဲ့၊ တောတောင်နှံ့လာ။ ကချင်မယ်လွယ်ပလိုင်းနဲ့၊ သင်တိုင်းကနီပြာပြာ၊ ပါလေရဲ့ပန်းဖွား။ မော်ရှမ်းတောင်သူနဲ့၊ ပလောင်သူနုရွှေပါး၊ နှင်းဆီတဲ့လား။ ကိုကချင်ဖော်တစ်သင်းနဲ့၊ မော်နှင်းဆီမယ်သော်မှော်၊ တောင်းဆုပန်သော်။ ရင်ပြင်ပေါ်၊ စွယ်တော်နဲ့အနန်း။ နောင်လဲမော်မြေသူနဲ့၊အတူတူစေတီဦးမှာ၊ ဖူးခဲ့ရွှင်လန်း''ဟူ၍ စာပန်းချီခြယ်ထားသည်။

မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအတိုင်း မော်တော်ယာဉ်ဖြင့်သွားသော် ဘော်ကြို ဘုရား ပွဲတော်ကြောင့် ထင်ရှားသော သီပေါမြို့ကိုဖြတ်သွားရပြီး ဘယ်ကွေ့ ညာခွေ လမ်း အတိုင်း တက်လေတိုင်း မှိုင်းမှိုင်းညို့ညို့အုံ့အုံ့ဆိုင်း  တောနှင့်တောင်စွယ်အသွယ်သွယ်တို့ကို  ရှုမောဖွယ်တွေ့ရသည်။  ဤလမ်း ဤခရီးသည် ပြည်ကြီးဝမ်းစာကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေသည်မှာ နှစ်ပေါင်း ၃ဝ ကြာခဲ့ခြင်းကြောင့်

ယနေ့အချိန်မှာ ပုလဲရတုပွဲတော် ကျင်းပသင့်သည့် အချိန်ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့်ပို့ကုန်များကြောင့် ပြည်သူများအတွက် အကျိုးခံစားခွင့်ရရှိကြသည့် နည်းတူ သွင်းကုန်များကလည်း ပြည်သူတို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့အတူ နိုင်ငံတော်အစိုးရအတွက်လည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများမှ ကုန်သွယ်ခွန်များကောက်ခံရရှိသဖြင့် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းဒေသကြီး များနှင့် ပြည်နယ်များအတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏လူနေမှုဘဝမြင့်မားစေရန် စီးပွားရေး၊ လူမှုရေးတို့အတွက်  လိုအပ်ချက်များကို အကြောင်းအကျိုးဆီလျော်အောင် တိုးချဲ့မြှင့်တင်ပေးနိုင်သည်။

တိုင်းရင်းသားပြည်သူများ၏လူနေမှုဘဝမြင့်မားရေးသည် လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့မှုအပေါ် မူတည်ကြောင်းကို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ယနေ့အထိ ဖြတ်သန်းခဲ့ရသောအတွေ့အကြုံများကို

ပြန်လည်သုံးသပ်ကြည့်လျှင် သိမြင်နိုင်ကြသည်။ သို့ပါသော်ငြား အကြမ်းဖက်သောင်းကျန်းသူများက ကြည့်လျက် မမြင်၊ မြင်လျက်မသိဖြစ်နေကြသည်လား၊ မသိခေါက်ရက်အဝင်နက်နေကြသည်လား မေးခွန်း၏ အဖြေမှန်ကို ကာယကံရှင်များ ကိုယ်တိုင်သာသိကြမည်ဖြစ်သည်။

ယခုရက်ပိုင်းကြားသိရသောသတင်းများအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း AA  TNLA MNDAA အကြမ်းဖက်သောင်းကျန်းသူများက မန္တလေး-လားရှိုး-သိန်းနီ-ကွတ်ခိုင်-မူဆယ်ပြည်ထောင်စုလမ်းမကြီးနှင့် သိန်းနီ-ကွမ်းလုံ-လောက်ကိုင်သွားလမ်းကြောင်းပေါ်ရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဖြတ်သန်း သွားလာလျက်ရှိသည့် ယာဉ်ကြီး၊ ယာဉ်ငယ်များအား အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်း စသည့်

အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိကြရာ အကြမ်းဖက်သောင်းကျန်း သူများက စက်တင်ဘာ ရက် နံနက် နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာ၏အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ ၁၂ ဘီးယာဉ်သုံးစီးအား လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်၍ လမ်းပိတ်ဆို့ထားပြီး ဆက်ကြေးကောက်ခံသွားကြောင်းသိရှိရသဖြင့် နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်း

ကျန်းသူများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အရှေ့တောင်ဘက်သို့ဆုတ်ခွာထွက်ပြေးသွား

ကြသည်။

ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သောင်းကျန်းသူများသည် နာရီခန့်တွင်လည်း ပြည်ထောင်စု

လမ်းမကြီးပေါ်ရှိ နမ့်ကွတ်ကျေးရွာ၏မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ နမ့်ဖတ်ကာဘက်မှ ကွတ်ခိုင် ဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်မောင်းနှင်လာသည့် ၁ဝ ဘီးယာဉ်လေးစီး၊  ဟိုက်ဂျက်ယာဉ်တစ်စီး၊ အေဒီဗင်တစ်စီးနှင့် စူပါကာစတန်ယာဉ်တစ်စီးတို့အားလည်း အကြောင်းမဲ့ထပ်မံမီးရှို့ဖျက်ဆီး၍ လမ်းပိတ်ဆို့

ထားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုလမ်းမကြီးများပေါ်၌ သြဂုတ် ၁၅ ရက်ဖြစ်စဉ်နောက်ပိုင်း အကြမ်း ဖက်သောင်းကျန်းသူများက ဖြတ်သန်းသွားလာလျက်ရှိသည့်မော်တော်ယာဉ်များအား အကြောင်းမဲ့ပစ်ခတ် မီးရှို့လမ်းပိတ်ဆို့မှုလုပ်ရပ်များအနေဖြင့် ယခုအကြိမ်အပါအဝင် စုစုပေါင်းလေးကြိမ်ခန့်ရှိပြီး ပြည်သူလူထုပိုင်  ကားအကြီး၊ အသေးမျိုးစုံ ၁၄ စီးခန့်နှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဤသို့သော အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ပြည်သူများအတွက် ဒုက္ခရောက်ပြီးစိုးရိမ်သောကဖြစ်ကြရသည်။

တပ်မတော်အနေဖြင့် ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နယ်မြေစိုးမိုးရေးနှင့်လုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင် ရွက်နေသည်မှာ  တောနှင့်တောင်စွယ်  ရှုမောဖွယ်မှရင်မောဖွယ်မဖြစ်စေရန်  နယ်မြေတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေး ရည်ရွယ်ချက်ကို ဖော်ဆောင်ခြင်းသာဖြစ်ပါသည်။    

Read 42 times