SJ WorldNews - шаблон joomla Авто

အိန္ဒိယနှင့်တောင်ကိုရီးယားတို့က စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးသဘောတူစာချုပ်ချုပ်ဆို

Saturday, 07 September 2019 11:09 font size decrease font size decrease font size increase font size increase font size

အိန္ဒိယကာကွယ်ရေးဝန်ကြီး   ရာနတ်ဆင်းနှင့် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ချောင်ခေါင်ဒူတို့၏  စက်တင်ဘာ ၆  ရက်တွင် ကျင်းပသော ဆွေးနွေးပွဲ၌ စစ်ဘက် ထောက်ပံ့ ပို့ဆောင်ရေး သဘောတူစာချုပ်ကိုချုပ်ဆိုကြောင်း သိရသည်။ယင်းသဘောတူစာချုပ်အရ   အိန္ဒိယရေတပ်နှင့်    တောင်ကိုရီးယားရေတပ်တို့ကြား   အပြန်အလှန် ထောက်ပံ့ပို့ဆောင်ရေးအတွက် အခြေခံကာလများ၊  အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများကို စတင် ထူထောင်မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးနှင့်ပညာရေးဖလှယ်မှုများအပါအဝင်  နှစ်နိုင်ငံရေတပ်ကြား ပို့ဆောင်ထောက်ပံ့ရေးတိုးမြှင့် မှုဆိုင်ရာ  နားလည်မှုသဘောတူစာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးကြောင်း၊ ယင်းသဘောတူညီချက် များသည် နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းမှုကို မြှင့်တင်ရာတွင် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း  အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

အလားတူ ၄င်းတို့သည် အိန္ဒိယနှင့်တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အလားအလာများ နှင့် စစ်ဘက်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတို့ကို  ဆက်လက်ဆွေးနွေးကြောင်း  သိရသည်။

အိန္ဒိယအစိုးရသည် ၂ဝ၁၆ ခုနှစ်မှစတင်၍ အမေရိကန်၊ ပြင်သစ်၊ အိုမန်၊ စင်ကာပူနိုင်ငံတို့နှင့်  စစ်ဘက် ထောက်ပံ့ ပို့ဆောင်ရေး သဘောတူညီစာချုပ်များကို ချုပ်ဆိုထားကြောင်း သိရသည်။

Ref: Sputnik

Read 21 times