SJ WorldNews - шаблон joomla Авто

အိန္ဒိယက ပြည်တွင်းဖြစ် BMP-2 တိုက်ခိုက်ရေးယာဉ်များပိုမိုဝယ်ယူ

Monday, 15 June 2020 10:03 font size decrease font size decrease font size increase font size increase font size

အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံပိုင်စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးဘုတ် အဖွဲ့၏ လက်ခွဲဖြစ်သည့် ကာလကတ္တားမြို့အခြေစိုက် မီဒက်စစ်လက်နက်ပစ္စည်းစက်ရုံမှ အမေရိကန် ဒေါ်လာ ၁၄၇ သန်းတန်ဖိုးရှိတဲ့ BMP-2 ခြေလျင်တိုက်ခိုက်ရေး ယာဉ်များကို ဝယ်ယူလိုက် ပါတယ်။

၁၄ ဒသမ ၃ တန်ရှိတဲ့ BMP-2 ခြေလျင်တိုက်ခိုက်ရေးယာဉ်တစ်စီးကို တိုက်ယာဉ်အဖွဲ့သား သုံးဦးက ထိန်းကျောင်းမောင်းနှင်တာပါ။ စုစုပေါင်းအနေနဲ့ စစ်လက်နက်ပစ္စည်း အပြည့်အစုံပါ တဲ့  လူခုနစ်ဦးအထိ လိုက်ပါနိုင်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်လိုမြေမျက်နှာသွင်ပြင်မှာမဆို တစ်နာရီ ကို ၄၅ ကီလိုမီတာနှုန်းနဲ့သွားနိုင်ပြီး ဆီတစ်ခါဖြည့်ထားပြီးပါက ကီလိုမီတာ ၆၀၀ အထိမောင်း နှင်စစ်ဆင်နိုင်ပါတယ်။

သူ့မှာပါတဲ့ စစ်လက်နက်တွေကတော့ အဓိကလက်နက်အဖြစ် ၃၀ မီလီမီတာ စက်အမြောက်ကြီး တစ်လက်ဖြစ်ပြီး အရန်လက်နက်အဖြစ် ၇ ဒသမ ၆၂ မီလီမီတာ စက်သေနတ်ကို အသုံးပြု ထားပါတယ်။ ဒါ့အပြင် တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ပစ်ခတ်ဖို့အတွက် ဒုံးပစ်လောင်ချာ တစ်လက် ကိုလည်း ယာဉ်ခေါင်မိုးမှာ တပ်ဆင်ထားပါသေးတယ်။

နွေဦး

Read 91 times Last modified on Monday, 15 June 2020 10:27