SJ WorldNews - шаблон joomla Авто

ဆစ်ဒနီ မြို့လယ်ကောင်၌ ဓားဖြင့်တိုက်ခိုက်သူကို ရဲတပ်ဖွဲ့ ဖမ်းမိ

Wednesday, 14 August 2019 09:25 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ၊ အကြမ်းဖက်မှု

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်ကောင် ၌ သြဂုတ် ၁၃ ရက်တွင် ဓားထိုးမှုတစ်ခုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး ဓားဖြင့်တိုက်ခိုက်သူ အမျိုးသားကို ဖမ်းဆီးနိုင်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် မြို့လယ်ကောင်ရှိ ဟိုတယ်တစ်လုံး အနီး၌ ဖြစ်ပွားခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးက   အခြား သူများကိုပါ ဓားဖြင့်ထိုးရန်ကြိုးပမ်းကြောင်း၊ ယင်းနောက် ထိုအမျိုးသားကို ရဲတပ်ဖွဲ့ကဖမ်းမိကြောင်း နယူးဆောက်ဝေး ရဲတပ်ဖွဲ့က   ထုတ်ပြန်သည်။

ဒဏ်ရာရရှိသူအမျိုးသမီးကို ဆေးရုံတင် ထားသော်လည်း အသက်အနရာယ် မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓားဖြင့်တိုက်ခိုက်သူအမျိုးသားသည် မြို့လယ်ကောင်ရှိလမ်းမပေါ်တွင် ဓားကိုင်ကာ လျှောက်သွားနေခြင်းဖြစ်ပြီး ကားတစ်စီး၏ ရှေ့ဖုံးပေါ်တက်ကာ   မူဆလင်ဘာသာဝင်တို့၏ ကြွေးကြော်သံကို ဟစ်ကြွေးပြီးနောက် ၎င်းကို သေနတ်ဖြင့် ပစ်သတ်ရန် အော်ဟစ် တောင်းဆိုကြောင်း သိရသည်။

နောက်ပိုင်းတွင်   အမျိုးသမီးတစ်ဦးကို  ဓားဖြင့်ထိုးခြင်း ဖြစ်ကြောင်းနှင့်    အဆိုပါတိုက်ခိုက်မှုကို   ၎င်းတစ်ဦးတည်း ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Sputnik, Reuters

Read 42 times Last modified on Wednesday, 14 August 2019 09:26