SJ WorldNews - шаблон joomla Авто

မမှန်သတင်း ထုတ်ပြန်မှုတွင် အမေရိကန် သတင်းဌာနများ ပါဝင်နေဟု အိန်္ဒိယပြော

Thursday, 12 September 2019 11:36 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ၊ နိုင်ငံရေး

အမေရိကန်နိုင်ငံမှ  သတင်းဌာနအချို့ သည် အိန်္ဒိယနိုင်ငံ၏ပြည်တွင်းရေးများနှင့် ပတ်သက်၍ မမှန်သတင်းများ ထုတ်ပြန်မှု တွင်ပါဝင်နေကြောင်း    အမေရိကန်နိုင်ငံ ဆိုင်ရာ အိန်္ဒိယသံတမန်  ဟာ့ဗာဒန်ရှရင် ဂလာကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်များတွင်  အမေရိကန်နိုင်ငံ အတွင်း၌သာမက ကမာ့မီဒီယာများက ဖော်ပြသည့် သတင်းများ၌ အိန်္ဒိယ နိုင်ငံနှင့် ပတ်သက်၍ တစ်ဝက်သာမှန်ကန်မှု ရှိသော၊ လုံးဝမှန်ကန်မှုမရှိသော၊ အဖြစ်မှန် ကိုဖုံးကွယ်ထားသော သတင်း များကိုသာ ဖော်ပြခဲ့ကြောင်းနှင့်   ယခုကဲ့သို့ထုတ်ဖော် ပြောဆိုရသည်မှာ  မီဒီယာများ အနေဖြင့် အဖြစ်မှန်ကို  သိစေ လိုခြင်းဖြစ်ကြောင်း ဟာ့ဗာဒန် ရှရင်ဂလာက ဆက်ပြောသည်။

ကက်ရှမီးယား   တောင်ကြားဒေသရှိ ၉၁ ရာခိုင်နှုန်းသော နယ်မြေများသည် လွတ်လပ်သော နယ်မြေများဖြစ်ပြီး ဆက် သွယ်ရေး ကိုလည်း   ကန့်သတ်ထားခြင်း မရှိကြောင်း    အဆိုပါသံတမန်က ပြောသည်။

ထို့ပြင် ဆေးကုသရေးတွင်လည်း ခွဲခြားမှု မရှိကြောင်းနှင့်   သြဂုတ်လတစ်လ တည်းမှာပင် ပြည်သူ သုည ဒသမ ၇ သန်းမှာ ဆေးရုံများတွင် ဆေးကုသမှု ခံယူကြောင်း ၎င်းကပြောသည်။ အိန်္ဒိယအစိုးရက ကက်ရှမီးယားဒေသကို   ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ အဖြစ်မှ ရုပ်သိမ်းလိုက်မှုအပေါ် ကမ်္ဘာ့မီဒီယာများက    အမျိုးမျိုးဖော်ပြခဲ့ကြောင်း သိရ သည်။             

Ref: Sputnik

Read 18 times Last modified on Thursday, 12 September 2019 11:40