SJ WorldNews - шаблон joomla Авто

ရှင်ဇိုအာဘေးက ဂျပန်အစိုးရတစ်ဖွဲ့လုံးကို အပြောင်းအလဲပြုလုပ်

Thursday, 12 September 2019 11:40 font size decrease font size decrease font size increase font size increase font size

တိုကျို၊ ပြည်တွင်းရေး

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အစိုးရတစ်ဖွဲ့လုံးကို စက်တင်ဘာ ၁၁ ရက်တွင် အပြောင်းအလဲပြုလုပ် လိုက်ကြောင်း သိရသည်။ ဇူလိုင်လတွင်ကျင်းပသည့် ရွေးကောက်ပွဲများတွင် အနိုင်ရပြီးနောက် အစိုးရအဖွဲ့ကို   အပြောင်း အလဲ လုပ်မည် ဟူသော ၎င်း၏ ကတိကို အကောင်အထည် ဖော်ခြင်းဖြစ်သည်။

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီ ဟိုက်ဆူဂါက အပြောင်းအလဲပြုလုပ်လိုက်သည့် အစိုးရအဖွဲ့ဝင် ၀န်ကြီး များနှင့် ရာထူး များကိုထုတ်ပြန်ကြေညာသည်။ စီးပွားရေး ပြန်လည်ထူထောင်ရေး ၀န်ကြီးဟောင်း တိုရှီမစ်ဆူမိုတီဂီက နိုင်ငံခြားရေး ၀န်ကြီး ဖြစ်လာပြီး နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို က ကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။

ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရိုကိုအီဇူမီ၏သား အသက် ၃၈ နှစ်ရှိ ရှင်ဂျီရိုကိုအီဇူမီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး အဖြစ် အစိုးရအဖွဲ့တွင် ပထမဆုံးပါဝင်လာ သည်။ ထို့ပြင် ရှင်ဂျီရိုကိုအီဇူမီသည် စစ်ပြီးခေတ်နောက်ပိုင်း   ဂျပန်အစိုးရ အဖွဲ့တွင် အသက်အငယ်ဆုံးဝန်ကြီးဖြစ်လာသည်။

၂၀၂၀ ပြည့်နှစ်  နွေရာသီအိုလံပစ်အားကစားပွဲတော်ပြင်ဆင်ရေးအတွက် စကိတ်စီးချန်ပီယံဟောင်း ဆီကိုဟာရှီမိုတို ကို  အိုလံပစ် ၀န်ကြီးအဖြစ် ခန့်အပ်သည်။

ရှင်ဇိုအာဘေးသည်    စုစုပေါင်းအစိုးရ အဖွဲ့ဝင်အသစ် ၁၃ ဦးကို ခန့်အပ်ပြီး ရာထူးပြောင်းလဲခြင်း မရှိသူနှစ်ဦးမှာ   ဒုတိယ ၀န်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး  တာရိုအာဆိုနှင့်   အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟိုက်ဆူဂါ တို့ဖြစ်ကြောင်း သိရသည်။

Ref: Sputnik

Read 14 times Last modified on Thursday, 12 September 2019 11:42