SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်ရှိ ကျေးရွာတစ်ရွာ၌ ပလတ်စတစ်အမှိုက်များကို ဆန်နှင့်လဲလှယ်ပေး

Friday, 13 September 2019 09:56 font size decrease font size decrease font size increase font size increase font size

မနီလာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဖိလစ်ပိုင်နိုင်ငံ၌ ပလတ်စတစ်အမှိုက် များလျော့ကျစေရေး ကြိုးပမ်းချက်တစ်ရပ်အနေဖြင့် ကျေးရွာတစ်ရွာက ပလတ် စတစ် အမှိုက်များကို ဆန်နှင့် လဲလှယ်ပေးနေ ကြောင်း သိရသည်။

မနီလာမြို့ပြင်ပရှိ ဘာယာနန်ကျေးရွာမှ ရွာသူရွာသားများ အနေဖြင့် ပလတ်စတစ်အမှိုက် ၂ ကီလိုအတွက်  ဆန် ၁ ကီလိုရရှိ မည်ဖြစ်ပြီး   အဆိုပါကျေးရွာမှတာဝန်ရှိ သူများက   ဆန်နှင့်လဲလှယ်ထားသည့်  ပလတ်စတစ်အမှိုက်များ ကိုပြန်လည်ပြုပြင်၍ အသုံးပြုနိုင်ရန်နှင့်   သင့်လျော်သော နည်းလမ်းဖြင့် စွန့်ပစ်ရန်    အစိုးရထံသို့ လွှဲပြောင်းပေး မည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမာပေါ်တွင် ပလတ်စတစ်ကြောင့်  ရေထု အညစ်ညမ်းဆုံး နိုင်ငံများတွင် ပါဝင်နေသည့်နိုင်ငံ တစ် နိုင်ငံ ဖြစ်ပြီး ပလတ်စတစ် အမှိုက်စွန့် ပစ်ရေးနှင့် ပတ်သက်၍  စည်းကမ်းများ လိုက်နာမှု အားနည်းနေသည့်အပြင် ထုပ်ပိုးခြင်းနှင့် ပလတ်စတစ် ထုတ်လုပ်ခြင်း တို့တွင်လည်း စည်းကမ်း ကြပ်မတ်ခြင်း မရှိကြောင်း လေ့လာမှုများတွင် ဖော်ပြထားသည်။    

Ref: Reuters

Read 57 times Last modified on Friday, 13 September 2019 09:57