SJ WorldNews - шаблон joomla Авто

စမ်းသပ်ဆဲ Ad5-nCoV ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို စစ်ဘက်တွင် အသုံးပြုရန် တရုတ်အတည်ပြု

Tuesday, 30 June 2020 09:50 font size decrease font size decrease font size increase font size increase font size

ကန်ဆီနိုကုမ္ပဏီမှထုတ်လုပ်သည့်   စမ်းသပ်ဆဲ Ad5-nCoV နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို စစ်ဘက်တွင် အသုံးပြုရန် တရုတ်သုတေသီများက ဇွန် ၂၉ ရက်တွင် အတည်ပြုလိုက်သည်။

ထိုကာကွယ်ဆေးသည် တရုတ်ဆေးကုမ္ပဏီများက ထုတ်လုပ်ထားသည့် ကာကွယ်ဆေးရှစ်မျိုးတွင် ပါဝင်ပြီး ဗိုင်းရပ်ကူးစက်မှုကြောင့်   အသက်ရှူလမ်းကြောင်း ဝေဒနာခံစားနေရသူများတွင်   စမ်းသပ်အသုံးပြုရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။   ထိုကာကွယ်ဆေးကို ကနေဒါနိုင်ငံတွင် လူသားများ၌ စမ်းသပ်အသုံးပြုရန် အတည်ပြုထားပြီး ဖြစ်သည်။

Ad5-nCoV   ကာကွယ်ဆေးကို   စစ်ဘက်တွင် တစ်နှစ်ကြာ အသုံးပြုရန် တရုတ်ဗဟိုစစ်ကော်မရှင်က ဇွန် ၂၅ ရက်ကတည်းက အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို  တပ်မတော်ဆေးတက္ကသိုလ်ရှိ ပေကျင်းဇီဝနည်းပညာ တက္ကသိုလ်နှင့် ကန်ဆီနိုကုမ္ပဏီတို့က ပူးတွဲထုတ်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါဆေးကို   လက်ရှိတွင်  စစ်ဘက်တွင်သာ အသုံးပြုရန်ကန့်သတ်ထားပြီး ကာကွယ်ဆေးထိုးခြင်းကို ဗဟိုစစ်ကော်မရှင် ထောက်ပံ့ပို့ဆောင်ရေးဌာန၏ အတည်ပြုချက်မရဘဲ ဆက်လက်တိုးမြှင့်လုပ်ဆောင်ခြင်း မရှိကြောင်း ကန်ဆီနို ကုမ္ပဏီက ပြောသည်။

ဆေးဝါးစမ်းသပ်မှု အဆင့်တစ်နှင့် အဆင့်နှစ်အရ အဆိုပါကာကွယ်ဆေးသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်သည့်ရောဂါကို  ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။             

Ref: The Straits Times

Read 23 times Last modified on Tuesday, 30 June 2020 10:08