SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ကပ်ရောဂါက ယခုအချိန်အထိ အဆိုးဆုံး မဟုတ်သေးဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ပြော

Wednesday, 01 July 2020 09:35 font size decrease font size decrease font size increase font size increase font size

လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါသည် ယခုအချိန်အထိ အဆိုးဆုံးမဟုတ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောသည်။

နိုင်ငံများရှိ အစိုးရများအနေဖြင့် မှန်ကန်သောမူဝါဒများကို စတင်အကောင်အထည် မဖော်ပါက  နောက်ထပ် လူအများအပြား ဗိုင်းရပ်ကူးစက်ခံရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဇွန် ၂၉ ရက်တွင် ပြောသည်။

မှန်ကန်သော မူဝါဒဆိုသည်မှာ ဗိုင်းရပ်စစ်ဆေးမှုလုပ်ခြင်း၊ ခြေရာခံခြင်း၊ သီးခြားခွဲထုတ်ခြင်းနှင့် အသွားအလာ ကန့်သတ်ထားရှိခြင်း ဖြစ်ကြောင်း   ၎င်းက ဆက်ပြောသည်။

ဇွန် ၃၀ ရက်အထိ တစ်ကမ္ဘာလုံး၌ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၁၀ သန်းခွဲနီးပါးနှင့် သေဆုံးသူစုစုပေါင်း ငါးသိန်း ကျော်လာပြီ ဖြစ်သည်။

တစ်ကမ္ဘာလုံးရှိ   ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းအနက် ထက်ဝက်ခန့်မှာ အမေရိကန်နှင့် ဥရောပဒေသတို့မှဖြစ်ပြီး အမေရိကားတိုက်၌ ဗိုင်းရပ်ကူးစက်မှုမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

အချို့နိုင်ငံများတွင် ဗိုင်းရပ်ကူးစက်မှုကျဆင်းကာ အခြေအနေတိုးတက်မှုများ ရှိသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်မူ   ဗိုင်းရပ်ကူးစက်မှုက မြင့်တက်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ပြင် အခြားနိုင်ငံများအနေဖြင့် ဗိုင်းရပ်ကူးစက်မှုကို  ထိရောက်စွာ ထိန်းချုပ်နိုင်သော နိုင်ငံများ၏ လုပ်ဆောင်မှုများကို နမူနာယူဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းထားကြောင်း သိရသည်။                          

Ref: Sputnik

Read 16 times Last modified on Wednesday, 01 July 2020 09:36