SJ WorldNews - шаблон joomla Авто

ရှီကျင့်ဖျင်က ဟောင်ကောင်အမျိုးသား လုံခြုံရေးဥပဒေကို အတည်ပြု လက်မှတ်ထိုး

Wednesday, 01 July 2020 09:36 font size decrease font size decrease font size increase font size increase font size

တရုတ်အမျိုးသားညီလာခံသည် ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေမူကြမ်းကို ဇွန် ၃၀ ရက် တွင် အတည်ပြုပြီးနောက် သမ္မတ ရှီကျင့်ဖျင်က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ဟောင်ကောင်၌ဖြစ်ပွားသည့်  ဆူပူအကြမ်းဖက် ဆန္ဒပြမှုများကဲ့သို့ အလားတူဖြစ်စဉ်များ ထပ်မဖြစ်စေရန် ရည်ရွယ်၍   တရုတ်အစိုးရက  အဆိုပါ အမျိုးသားလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းခြင်း ဖြစ်သည်။

အဆိုပါဥပဒေကို    ပြဋ္ဌာန်းပြီးနောက် ဟောင်ကောင်ရှိ အဓိက တက်ကြွလှုပ်ရှားသူများက ၎င်းင်းတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ပါတီများမှ နုတ်ထွက်ရန် ဆုံးဖြတ်ကြသည်။

ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူ များကလည်း လက်ရှိဥပဒေအရ အရေးယူခံရနိုင်ခြေရှိသည့်အတွက် လူမှုကွန်ရက် တစ်ခုဖြစ်သည့်  တွစ်တာရှိ  ၎င်းင်းတို့၏ အကောင့်များကို ဖျက်သွားကြသည်။ ယခုပြဋ္ဌာန်းလိုက်သည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေက ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်တရားစီရင်မှုအပေါ်  မည်သို့မျှ သက်ရောက်မှုမရှိကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကပြောသည်။

ယခုဥပဒေတွင်   ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ပြည်ပမှနည်းလမ်း အမျိုးမျိုးဖြင့် ဝင်ရောက်စွက်ဖက်မှု၊ အကြမ်းဖက်လှုပ်ရှားမှု၊ အဖျက်အမှောင့်လုပ်မှုနှင့် တရုတ်ပြည်မကြီးမှ ခွဲထွက်မှုတို့ကို တားမြစ်ထားကြောင်း သိရသည်။

ထိုဥပဒေသည် ဟောင်ကောင်ပြည်သူများ၏ အခွင့်အရေးများကို  ထိပါးလာနိုင်သည်ဟုဆိုကာ ပြည်သူအချို့က ဆန္ဒပြသည်။  

Ref: Sputnik

Read 24 times Last modified on Wednesday, 01 July 2020 09:37