SJ WorldNews - шаблон joomla Авто

ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် ကွင်းအတွင်း အစောဆုံးရောက်ရှိသည့် ပရိသတ် ၆၀၀ ကို အမှတ်တရ အင်္ကျီလက်ဆောင် များပေးမည်

Wednesday, 18 September 2019 09:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့  ယှဉ်ပြိုင်ကစားမည့်  ၂၀၁၉  ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ လာရောက် အားပေးကြည့်ရှုသော အစောဆုံး ရောက်ရှိသည့် ပရိသတ် ၆၀၀ကို  မြန်မာ နေရှင် နယ်လိဂ် (၁၀) နှစ်ပြည့်  အမှတ်တရအင်္ကျီ လက်ဆောင်များပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပ သည့် ထိုပွဲစဉ်ကို စက်တင်ဘာ ၂၄ ရက် ည ၆ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

ယင်းပွဲစဉ်အတွက် ကွင်းဝင်ကြေးများ ကို အထူးတန်း ငွေကျပ် ၂၀၀၀၊  ရိုးရိုး တန်း ငွေကျပ် ၁၀၀၀ သတ်မှတ်ထားပြီး ကွင်းအတွင်းသို့ အစောဆုံးဝင်ရောက်သည့် အထူးတန်းလက်မှတ် ၀ယ်ယူထားသော ပရိသတ် ၅၀၀ နှင့် ရိုးရိုးတန်း လက်မှတ် ၀ယ်ယူထားသော ပရိသတ် ၁၀၀ကို မြန်မာ နေရှင်နယ်လိဂ်(၁၀)နှစ်ပြည့် အမှတ်တရ အင်္ကျီ လက်ဆောင်များ ပေးမည်ဖြစ်သည်။

ထိုပွဲစဉ်သည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ အတွက်သာမက  ၂၀၂၀  AFC  ဖလားပြိုင်ပွဲဝင်ခွင့် အတွက်ပါ  အရေးပါ သည့် ပွဲစဉ်ဖြစ်သောကြောင့်   ပရိသတ် အကြိုက်တွေ့စေမည့်  ပွဲကောင်းတစ်ပွဲဖြစ် သည်။

အဆိုပါ နှစ်သင်းသည် ၂၀၁၇ ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် တွေ့ဆုံရာ ရှမ်းယူနိုက်တက်အသင်းက၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။  

TZW

Read 94 times Last modified on Wednesday, 18 September 2019 17:48