SJ WorldNews - шаблон joomla Авто

TNLA အကြမ်းဖက် သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် နမ့်ဆန်မြို့အနီး တောင်ရိုး ဘုရားကုန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိ

Wednesday, 18 September 2019 21:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ စက်တင်ဘာ - ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀ဝ၀ ခန့် အကွာရှိ TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်မှ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်မှ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲသည့် ကာလအား အခွင့်ကောင်းယူ၍ အစိုးရအဖွဲဌာနဆိုင်ရာများ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည့် နမ့်ဆန်မြို့အား စိုးမိုးထားသည့် တောင်ရိုးဘုရားကုန်းရှိ သာဿနိက အဆောက်အဦများကို အကာအကွယ်ရယူပြီး နယ်မြေအသာစီး ရယူကာ အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နေရာ တစ်ဝိုက်အား ရင်ဆိုင်ထိန်းချုပ် ထားနိုင်ခဲ့ရာ စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပစ်ကူပစ်အားရယူပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်မှုကြောင့် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား အောင်မြင်စွာ သိမ်းပိုက် ရရှိခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းသူများထံမှ ဆိုင်ကယ် ၅ စီး၊ သာဿနိက အဆောက်အဦ များအား အကာအကွယ်ယူ ပြုလုပ်ထားသည့် ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာ ၅ လုံး သိမ်းပိုက်ရရှိခဲ့ပြီး မိမိဘက်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ/စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများ အနေဖြင့် အဆိုပါဒေသ နယ်မြေအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Read 155 times Last modified on Wednesday, 18 September 2019 21:31