SJ WorldNews - шаблон joomla Авто

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆားဘီးယား ကာကွယ်ရေးဝန်ကြီး၊ Head of Operations Department Chief of General Staff Office ဖြစ်သူတို့နှင့် သီးခြားစီတွေ့ဆုံ

Wednesday, 18 September 2019 21:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ စက်တင်ဘာ - ၁၈

ဆားဘီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဆားဘီးယား ကာကွယ်ရေး ဝန်ကြီးနှင့် ဆားဘီးယားတပ်မတော် ဒုတိယ စစ်ဦးစီးချုပ်တို့ကို သီးခြားစီ သွားရောက် တွေ့ဆုံသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆားဘီးယား ကာကွယ်ရေး ဝန်ကြီးဌာနသို့ ရောက်ရှိရာ အဆောက်အဦ ဝင်ပေါက်တွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ဂုဏ်ပြုကြိုဆိုကြသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆားဘီးယား ကာကွယ်ရေးဝန်ကြီး H.E.Mr. Aleksandar Vulin  နှင့် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံရာတွင် သမိုင်းကြောင်းအရ တည်ရှိခဲ့သော နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအား ပိုမိုခိုင်မာအောင် တည်ဆောက်ရေး၊ ဆားဘီးယား-မြန်မာ နှစ်နိုင်ငံ အစိုးရကြား လက်မှတ်ရေးထိုးထားသည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ပါ အချက်အလက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်ပြုလုပ်နိုင်မည့် နယ်ပယ်များအား ရှာဖွေဖော်ထုတ် ဆောင်ရွက်ရေးနှင့် စစ်ဘက်နည်းပညာနှင့် ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းများ ကိစ္စများအား အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် ဆားဘီးယား ကာကွယ်ရေးဝန်ကြီးတို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆားဘီးယားတပ်မတော် စစ်ဦးစီးချုပ်ရုံးသို့ သွားရောက်၍  Head of Operations Department Chief of   General Staff  Office ဖြစ်သူ  Major General Zelimix  Glisovic နှင့် တွေ့ဆုံဆွေးနွေးသည်။ ထို့သို့ တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးကြပြီး အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 99 times Last modified on Wednesday, 18 September 2019 21:40